MUP ဥက္ကဌ နိုင်တင်အောင် ကွယ်လွန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။

မွန်ညီညွတ်ရေးပါတီ (MUP) ဥက္ကဋ္ဌ နိုင်တင်အောင်သည် အောက်တိုဘာလ ၁၀ ရက်နေ့က ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားသည်ဟု ပါတီ တာဝန် ရှိသူများက ပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

အသက် ၈၅ နှစ် အရွယ်ရှိ နိုင်တင်အောင်သည် နှလုံး၊ ဆီးချိုစသည့် ရောဂါအခံရှိပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ ခြင်း ဖြစ်သည်ဟု ပါတီတာဝန်ရှိသူများက ပြောသည်။

“ရုတ်တရက် ဆုံးသွားတာပါ။ ဥက္ကဋ္ဌမှာ နှလုံးရေားဂါအခံရှိနေတော့ ရုတ်တရက် နှလုံးရပ်သွားတယ်လို့ သိရတယ်။ မနေ့ကတောင် မော်လမြိုင်မှာ လုပ်တဲ့ ပါတီအစည်းအဝေး လာတက်သေးတယ်” ဟု ပါတီ ပြောရေးဆို ခွင့်ရှိသူ နိုင်စံတင် က ပြောသည်။

ကွယ်လွန်သွားချိန်အထိ ပါတီတာဝန်၊ အမျိုးသားရေးတာဝန်တို့ကို ကြိုးပမ်းထမ်းဆောင်ခဲ့သူ နိုင်တင်အောင်သည် အဘ နိုင်အောင်ထွန်းနှင့် အမိ ဒေါ်ဆေးစိန်တို့မှ ဖွားမြင်ခဲ့သူ ဖြစ်သည်။

နိုင်တင်အောင်သည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့စဉ်က ဝါရင့် မွန်နိုင်ငံရေး ခေါင်းဆောင်များနှင့် အတူ ဖမ်းဆီထောင်ချခံခဲ့ရသူလည်း ဖြစ်သည်။

နိုင်တင်အောင်သည် မွန်ပြည်သစ်ပါတီ NMSP သို့ ၁၉၈၆ ခုနှစ်ခန့်က ဝင်ရောက်ခဲ့ပြီး ဗဟိုကော်မတီဝင်၊ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်အထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၀၂ ခုနှစ် အချိန်ခန့်က မွန်ပြည် သစ်ပါတီ က အနားယူခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့စဥ်က မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရအကြား အပစ်ရပ် ဆွေးနွေး ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ထို့အပြင် မွန်ပြည်သစ်ပါတီမှ အနားယူပြီး နောက်ပိုင်းတွင်လည်း မွန်ပြည်သစ်ပါတီနှင့် အစိုးရအကြား ငြိမ်းချမ်း ရေး ဆွေးနွေးပွဲများတွင် ဆက်လက် ပါဝင်ခဲ့သူ ဖြစ်သည်။

မွန်နိုင်ငံရေး ပါတီနှစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပေါင်းစည်းပြီး ၂၀၁၉ ခုနှစ်တွင် အသစ်ပေါ်ပေါက်လာခဲ့သည့် မွန်ညီညွတ်ရေးပါတီတွင် ဥက္ကဋ္ဌ တာဝန်အဖြစ် ကွယ်လွန်သည့် အချိန်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နိုင်တင်အောင်၏ စျာပန အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့၊ မွန်းလွှဲပိုင်း ၁ နာရီ အချိန်တွင် ၎င်း၏ ဇာတိရွာဖြစ်သည့် ပငကျေးရွာတွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

*** ZAWGYI ***
MUP ဥကၠဌ ႏိုင္တင္ေအာင္ ကြယ္လြန္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၁ ရက္။

မြန္ညီၫြတ္ေရးပါတီ (MUP) ဥကၠ႒ ႏိုင္တင္ေအာင္သည္ ေအာက္တိုဘာလ ၁၀ ရက္ေန႔က ၎၏ေနအိမ္တြင္ ကြယ္လြန္သြားသည္ဟု ပါတီ တာဝန္ ရွိသူမ်ားက ေျပာသည္။

ေအာက္တိုဘာလ ၁၀ ရက္ေန႔ ည ၁၀ နာရီအခ်ိန္ခန႔္က သံျဖဴဇရပ္ၿမိဳ႕နယ္ ပငေက်း႐ြာရွိ ၎၏ေနအိမ္တြင္ ကြယ္လြန္သြားျခင္း ျဖစ္သည္။

အသက္ ၈၅ ႏွစ္ အ႐ြယ္ရွိ ႏိုင္တင္ေအာင္သည္ ႏွလုံး၊ ဆီးခ်ိဳစသည့္ ေရာဂါအခံရွိၿပီး ႐ုတ္တရက္ ကြယ္လြန္သြားခဲ့ ျခင္း ျဖစ္သည္ဟု ပါတီတာဝန္ရွိသူမ်ားက ေျပာသည္။

“႐ုတ္တရက္ ဆုံးသြားတာပါ။ ဥကၠ႒မွာ ႏွလုံးေရားဂါအခံရွိေနေတာ့ ႐ုတ္တရက္ ႏွလုံးရပ္သြားတယ္လို႔ သိရ တယ္။ မေန႔ကေတာင္ ေမာ္လၿမိဳင္မွာ လုပ္တဲ့ ပါတီ အစည္းအေဝး လာတက္ေသးတယ္” ဟု ပါတီ ေျပာေရးဆို ခြင့္ရွိသူ ႏိုင္စံတင္ က ေျပာသည္။

ကြယ္လြန္သြားခ်ိန္အထိ ပါတီတာဝန္၊ အမ်ိဳးသားေရးတာဝန္တို႔ကို ႀကိဳးပမ္းထမ္းေဆာင္ခဲ့သူ ႏိုင္တင္ေအာင္သည္ အဘ ႏိုင္ေအာင္ထြန္းႏွင့္ အမိ ေဒၚေဆးစိန္တို႔မွ ဖြားျမင္ခဲ့သူ ျဖစ္သည္။

ႏိုင္တင္ေအာင္သည္ ၁၉၆၂ ခုႏွစ္ ဗိုလ္ခ်ဳပ္ေနဝင္း အာဏာသိမ္းခဲ့စဥ္က ဝါရင့္ မြန္ႏိုင္ငံေရး ေခါင္းေဆာင္မ်ားႏွင့္ အတူ ဖမ္းဆီေထာင္ခ်ခံခဲ့ရသူလည္း ျဖစ္သည္။

ႏိုင္တင္ေအာင္သည္ မြန္ျပည္သစ္ပါတီ NMSP သို႔ ၁၉၈၆ ခုႏွစ္ခန႔္က ဝင္ေရာက္ခဲ့ၿပီး ဗဟိုေကာ္မတီဝင္၊ ဗဟို အလုပ္ အမႈေဆာင္ ေကာ္မတီဝင္အထိ အဆင့္ဆင့္ တာဝန္ထမ္းေဆာင္ခဲ့ဖူးၿပီး ၂၀၀၂ ခုႏွစ္ အခ်ိန္ခန႔္က မြန္ျပည္ သစ္ပါတီ က အနားယူခဲ့ျခင္း ျဖစ္သည္။

မြန္ျပည္သစ္ပါတီတြင္ တာဝန္ထမ္းေဆာင္ခဲ့စဥ္က မြန္ျပည္သစ္ပါတီႏွင့္ စစ္အစိုးရအၾကား အပစ္ရပ္ ေဆြးေႏြး ေရးတြင္ ဦးေဆာင္ပါဝင္ခဲ့သူတစ္ဦးလည္း ျဖစ္သည္။

ထို႔အျပင္ မြန္ျပည္သစ္ပါတီမွ အနားယူၿပီး ေနာက္ပိုင္းတြင္လည္း မြန္ျပည္သစ္ပါတီႏွင့္ အစိုးရအၾကား ၿငိမ္းခ်မ္း ေရး ေဆြးေႏြးပြဲမ်ားတြင္ ဆက္လက္ ပါဝင္ခဲ့သူ ျဖစ္သည္။

မြန္ႏိုင္ငံေရး ပါတီႏွစ္ခုျဖစ္သည့္ မြန္ေဒသလုံးဆိုင္ရာ ဒီမိုကေရစီပါတီႏွင့္ မြန္အမ်ိဳးသားပါတီတို႔ ေပါင္းစည္းၿပီး ၂၀၁၉ ခုႏွစ္တြင္ အသစ္ေပၚေပါက္လာခဲ့သည့္ မြန္ညီၫြတ္ေရးပါတီတြင္ ဥကၠ႒ တာဝန္အျဖစ္ ကြယ္လြန္သည့္ အခ်ိန္ထိ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

ႏိုင္တင္ေအာင္၏ စ်ာပန အခမ္းအနားကို ေအာက္တိုဘာလ ၁၃ ရက္ေန႔၊ မြန္းလႊဲပိုင္း ၁ နာရီ အခ်ိန္တြင္ ၎၏ ဇာတိ႐ြာျဖစ္သည့္ ပငေက်း႐ြာတြင္ က်င္းပျပဳလုပ္သြားမည္ဟု သိရသည္။