မွန်ပြည်နယ်အတွင်း အသက် ၁၂ နှစ် အထက် ကျောင်းသူ/သားများ ယခုပတ်အတွင်း ကာကွယ်ဆေးစထိုးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်။

မွန်ပြည်နယ်အတွင်းရှိ အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အတွင်း ကျောင်းသူ/ကျောင်သားများကို အောက်တိုဘာ ဒုတိယအပတ် အတွင်း COVID-19 ကာကွယ်ဆေး စထိုးပေးနိုင်ရန် စီစဉ်နေသည်ဟု မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

“ကျောင်းဖွင့်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အသက် ၁၂ နှစ်နဲ့ အထက် ခလေးတွေကို ကိုဗစ် ကာကွယ် ဆေး ထိုးပေးဖို့ စီစဉ်နေပါတယ်” ဟု မြို့နယ်ပညာရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခြေခံပညာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသူ/ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးရန် စီစဉ်နေသည်ဟု ပြည်နယ် ပညာရေးဌာနထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိုးပေးရမည့် အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိ ကျောင်း သူ/ကျောင်းသားပေါင်း ၇၈၀၀၀ ကျော် ရှိသည်ဟုလည်း ပြည်နယ်ပညာရေးဌာနထံမှ သိရသည်။

“ခလေးတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ်လို့တော့ ကြားတယ်။ ဒါပေမယ့် ကျောင်းကနေ ဘာမှတော့ ပြောလာတာမရှိသေးဘူး။ ထိုးဖို့ပြောလာရင်တော့ ကျမ ခလေးကိုတော့ ပေးထိုးမှာပါ။ ဒါမှလည်း ကျောင်းဖွင့် တဲ့ အခါကျရင် လွှတ်ရတာ နည်းနည်း စိတ်ချရမယ်” ဟု ၉ တန်းကျောင်းသား မိဘတစ်ဦး က ပြောသည်။

ကျောင်းသူ/ကျောင်းသားများအား ထိုးနှံပေးမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမည့် ကျောင်းသူ/ကျောင်းသားများသည် အစိုးရစာသင်ကျောင်းတွင် တက် ရောက်သင်ကြားနေသည့် ကျောင်းသားကျောင်းသူများအပြင် ပုဂ္ဂလိကစာသင်ကျောင်းများနှင့် ဘုန်တော်ကြီး သင် ပညာရေးကျောင်းများမှ ကျောင်းသူ/ကျောင်းသားများလည်း ပါဝင်သည်။

မွန်ပြည်နယ်တွင် အသက် ၁၈ နှစ်နှင့် အထက်များကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးပေးလျှက် ရှိ ကြောင်း အသက် ၁၈ နှစ်နှင့် အထက်များကိုတော့ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေး ထိုးပေးနေ သည်ဟု သိရသည်။

*** ZAWGYI ***
မြန္ျပည္နယ္အတြင္း အသက္ ၁၂ ႏွစ္ အထက္ ေက်ာင္းသူ/သားမ်ား ယခုပတ္အတြင္း ကာကြယ္ေဆးစထိုးမည္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၂ ရက္။

မြန္ျပည္နယ္အတြင္းရွိ အသက္ ၁၂ ႏွစ္မွ အသက္ ၁၈ ႏွစ္အတြင္း ေက်ာင္းသူ/ေက်ာင္သားမ်ားကို ေအာက္တိုဘာ ဒုတိယအပတ္ အတြင္း COVID-19 ကာကြယ္ေဆး စထိုးေပးႏိုင္ရန္ စီစဥ္ေနသည္ဟု ၿမိဳ႕နယ္ပညာေရးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာ သည္။

“ေက်ာင္းဖြင့္ႏိုင္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ အသက္ ၁၂ ႏွစ္နဲ႔ အထက္ ခေလးေတြကို ကိုဗစ္ ကာကြယ္ ေဆး ထိုးေပးဖို႔ စီစဥ္ေနပါတယ္” ဟု ၿမိဳ႕နယ္ပညာေရး တာဝန္ရွိသူတစ္ဦးက ေျပာသည္။

အေျခခံပညာသင္ေက်ာင္းမ်ား ဖြင့္လွစ္ႏိုင္ေရးအတြက္ ေက်ာင္းသူ/ေက်ာင္းသူမ်ားကို ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးေပးရန္ စီစဥ္ေနသည္ဟု ျပည္နယ္ ပညာေရးဌာနထံမွ သိရသည္။

မြန္ျပည္နယ္အတြင္း ကိုဗစ္-၁၉ ကာကြယ္ထိုးေပးရမည့္ အသက္ ၁၂ ႏွစ္မွ အသက္ ၁၈ ႏွစ္အတြင္းရွိ ေက်ာင္း သူ/ေက်ာင္းသားေပါင္း ၇၈၀၀၀ ေက်ာ္ ရွိသည္ဟုလည္း ျပည္နယ္ပညာေရးဌာနထံမွ သိရသည္။

“ခေလးေတြကို ကိုဗစ္ကာကြယ္ေဆးထိုးေပးမယ္လို႔ေတာ့ ၾကားတယ္။ ဒါေပမယ့္ ေက်ာင္းကေန ဘာမွေတာ့ ေျပာလာတာမရွိေသးဘူး။ ထိုးဖို႔ေျပာလာရင္ေတာ့ က်မ ခေလးကိုေတာ့ ေပးထိုးမွာပါ။ ဒါမွလည္း ေက်ာင္းဖြင့္ တဲ့ အခါက်ရင္ လႊတ္ရတာ နည္းနည္း စိတ္ခ်ရမယ္” ဟု ၉ တန္းေက်ာင္းသား မိဘတစ္ဦး က ေျပာသည္။

ေက်ာင္းသူ/ေက်ာင္းသားမ်ားအား ထိုးႏွံေပးမည့္ ကိုဗစ္-၁၉ ကာကြယ္ေဆးသည္ တ႐ုတ္ႏိုင္ငံထုတ္ Sinovac ကာကြယ္ေဆးျဖစ္သည္ဟု ျပည္နယ္ ျပည္သူ႔က်န္းမာေရးဌာနမွ တာဝန္ရွိသူမ်ား၏ ေျပာျပခ်က္အရ သိရသည္။

ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးရမည့္ ေက်ာင္းသူ/ေက်ာင္းသားမ်ားသည္ အစိုးရစာသင္ေက်ာင္းတြင္ တက္ ေရာက္သင္ၾကားေနသည့္ ေက်ာင္းသားေက်ာင္းသူမ်ားအျပင္ ပုဂၢလိကစာသင္ေက်ာင္းမ်ားႏွင့္ ဘုန္ေတာ္ႀကီး သင္ ပညာေရးေက်ာင္းမ်ားမွ ေက်ာင္းသူ/ေက်ာင္းသားမ်ားလည္း ပါဝင္သည္။

မြန္ျပည္နယ္တြင္ အသက္ ၁၈ ႏွစ္ႏွင့္ အထက္မ်ားကိုလည္း ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ထိုးေပးလွ်က္ ရွိ ေၾကာင္း အသက္ ၁၈ ႏွစ္ႏွင့္ အထက္မ်ားကိုေတာ့ တ႐ုတ္ႏိုင္ငံထုတ္ Sinopharm ကာကြယ္ေဆး ထိုးေပးေန သည္ဟု သိရသည္။