ဘီလူးကျွန်းတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

မွန်ပြည်နယ် ချောင်းဆုံ (ဘီလူးကျွန်း) မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး အောက်တိုဘာ ၁၂ ရက်နေ့က သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

ချောင်းဆုံ အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို ယမန့်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က ၎င်း၏‌ နေအိမ်တွင် သေနတ်သမားများက လာရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

“ညနေပိုင်းလောက်မှာ ဖြစ်သွားတာပါ။ အပစ်ခံရတာက သူ့အိမ်မှာပဲ။ ထောက်ခံစာလာလုပ်တဲ့ ပုံစံ ဟန်ဆောင် ပြီးတော့ ပစ်သွားတယ်လို့ ပြောတယ်။ ဒဏ်ရာရပြီးတော့ ဆေးရုံကို ပို့ရင်းနဲ့ ဆုံးသွားတယ်” ဟု ချောင်းဆုံ ဒေသခံ တစ်ဦး က ပြောသည်။

သေနတ်ပစ်ခံရသည့် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်သည် ညာဘက်ရင်အုံ ဒဏ်ရာတစ်ချက်ရရှိပြီး ချောင်းဆုံ မြို့ နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် အသတ်ခံရပြီးနောက် ချောင်းဆုံမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ဝင်များ ရှာဖွေ စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည်ဟု ဒေသခံများက ပြောသည်။

ချောင်းဆုံ အနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို ၎င်းတို့ ပစ်သတ်ခဲ့ကြောင်း ချောင်းဆုံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်အုပ်စုနှင့် ပူးပေါင်းပြီး စစ်တပ် သတင်းပေး ပြုလုပ်နေသူများအား ရှင်းလင်းသွားမည်ဟု လည်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးကလည်း ထုတ်ပြန်ထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိက မြို့နယ်များဖြစ်သည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ပေါင်၊ မုဒုံ၊ ရေး နှင့် ချောင်းဆုံ အစရှိသည့် မြို့နယ်များတွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူသေဆုံးရ သည့် ဖြစ်စဥ်များ ဆက်တိုက် ဖြစ်ပွားလာခဲ့သည်။

အထူးသဖြင့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူများနှင့် နိုင်ငံရေးရေး ပါတီဝင်များ ပစ်သတ်ခံရမှု ဆက်တိုက်ဖြစ်ပွားလျှက် ရှိသည်။

*** ZAWGYI ***
ဘီလူးကြၽန္းတြင္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၃ ရက္။

မြန္ျပည္နယ္ ေခ်ာင္းဆုံ (ဘီလူးကြၽန္း) ၿမိဳ႕တြင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး တစ္ဦး ေအာက္တိုဘာ ၁၂ ရက္ေန႔က ေသနတ္ျဖင့္ ပစ္ခံရၿပီး ေသဆုံးသြားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေခ်ာင္းဆုံ အေနာက္ပိုင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေအာင္ကို ယမန႔္ေန႔ ညေန ၄ နာရီခြဲ အခ်ိန္ခန႔္က ၎၏‌ ေနအိမ္တြင္ ေသနတ္သမားမ်ားက လာေရာက္ ပစ္ခတ္သြားခဲ့ျခင္း ျဖစ္သည္။

“ညေနပိုင္းေလာက္မွာ ျဖစ္သြားတာပါ။ အပစ္ခံရတာက သူ႔အိမ္မွာပဲ။ ေထာက္ခံစာလာလုပ္တဲ့ ပုံစံ ဟန္ေဆာင္ ၿပီးေတာ့ ပစ္သြားတယ္လို႔ ေျပာတယ္။ ဒဏ္ရာရၿပီးေတာ့ ေဆး႐ုံကို ပို႔ရင္းနဲ႔ ဆုံးသြားတယ္” ဟု ေခ်ာင္းဆုံ ေဒသ ခံ တစ္ဦး က ေျပာသည္။

ေသနတ္ပစ္ခံရသည့္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေအာင္သည္ ညာဘက္ရင္အုံ ဒဏ္ရာတစ္ခ်က္ရရွိၿပီး ေခ်ာင္းဆုံ ၿမိဳ႕ နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေအာင္ အသတ္ခံရၿပီးေနာက္ ေခ်ာင္းဆုံၿမိဳ႕နယ္အတြင္း အာဏာသိမ္း စစ္ေကာင္စီတပ္ဖြဲ႕ ဝင္မ်ား ရွာေဖြ စစ္ေဆးမႈမ်ား ပိုမိုတင္းၾကပ္ထားသည္ဟု ေဒသခံမ်ားက ေျပာသည္။

ေခ်ာင္းဆုံ အေနာက္ပိုင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေအာင္ကို ၎တို႔ ပစ္သတ္ခဲ့ေၾကာင္း ေခ်ာင္းဆုံ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။

စစ္အုပ္စုႏွင့္ ပူးေပါင္းၿပီး စစ္တပ္ သတင္းေပး ျပဳလုပ္ေနသူမ်ားအား ရွင္းလင္းသြားမည္ဟု လည္း မြန္ျပည္နယ္ ေႏြဦးေတာ္လွန္ေရးတပ္ဦးကလည္း ထုတ္ျပန္ထားသည္။

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ပိုင္း မြန္ျပည္နယ္အတြင္းရွိက ၿမိဳ႕နယ္မ်ားျဖစ္သည့္ သထုံ၊ ဘီးလင္း၊ က်ိဳက္ထို၊ ေပါင္၊ မုဒုံ၊ ေရး ႏွင့္ ေခ်ာင္းဆုံ အစရွိသည့္ ၿမိဳ႕နယ္မ်ားတြင္ ေသနတ္သမားမ်ား၏ ပစ္ခတ္မႈေၾကာင့္ လူေသဆုံးရ သည့္ ျဖစ္စဥ္မ်ား ဆက္တိုက္ ျဖစ္ပြားလာခဲ့သည္။

အထူးသျဖင့္ ရပ္ေက်းအုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္မ်ား၊ စစ္တပ္သတင္းေပးဟု သတ္မွတ္ခံရသူမ်ားႏွင့္ ႏိုင္ငံေရးေရး ပါတီဝင္မ်ား ပစ္သတ္ခံရမႈ ဆက္တိုက္ျဖစ္ပြားလွ်က္ ရွိသည္။