ကြို့ပင်ကောက် ရွာသုံးရွာ လျှပ်စစ်မီး ဖြတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်။

ပဲခူတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့ အရှေ့ဘက်ရှိ အိမ်ခြေ ၂၀၀ ခန့် ရှိသော ကျေးရွာ ၃ ရွာကို မီတာခ ပေး ဆောင်ခြင်း မရှိ၍ဆိုကာ စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်လိုက်သည်။

ထို ကျေးရွာ ၃ ရွာသည် လွန်ခဲ့သည့် တနှစ်ခန့်က ပြည်သူနှင့်အစိုးရ တဝက်စီကျခံ၍ လျှပ်စစ်မီးသွယ်ယူထားခြင်း ဖြစ်ပြီး ရွာသုံးရွာပေါင်း အိမ်ခြေ ၆၀၀ ခန့် ရှိသည့်အနက် ၃၀၀ ကျော်ခန့် မီးဖြတ်ခံထားရ၍ အခက်အခဲများ ဖြစ် နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ထက်ဝက်လောက်ကို မီးဖြတ်ထား စစ်သားတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေ ပေါင်းပြီးလာဖြတ်သွားတာ“ ဟု ဒေသ ခံတစ်ဦး က ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့၊ ညနေ ၃ နာရီခန့်တွင် စစ်သားများနှင့် လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်း၍ ရွာများ၏ ထရန် စမော်မာကို လာပိတ်သွားခြင်း ဖြစ်ကြောင်းသိရသည်။

မီးအဖြတ်ခံရသော ကျေးရွာသုံးရွာမှာ ကြို့ပင်ကောက်မြို့ အရှေ့ဂုန်ညှင်းတန်းကြီးကျေးရွာ၊ ဘထိန်ဝင်ကျေးရွာ နှင့် ဖုန်းစိုးစုကျေးရွာတို့ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မီတာခ မဆောင်ကြ၍ လျှပ်စစ်လုပ်ငန်းဝင်ငွေမရှိလျှင် စက်ရုံပိတ်ရခြင်းမျိုးဖြစ်လာနိုင်ကြောင်း အထူးသဖြင့် လျှပ်စစ်ကို အဓိကမှီခိုနေရသည့် မြို့ပြများအတွက် ထိခိုက်နိုင်သည်ဟု နားလည်ထားသော်လည်း ယခု ကျေးရွာ များ အထိပါ သက်ရောက်မှုရှိလာနေသည်ဟု စွမ်းအင်ကဏ္ဍ လေ့လာနေသူ တစ်ဦး က ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကြောင့် လစဉ် ပေး ဆောင်ရမည့် မီတာခများကို မဆောင်ကြပဲ ပြည်သူများက စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ် ဖော် နေကြခြင်း ဖြစ်သည်။ သို့သော် မီတာခပေးဆောင်သူအချို့လည်း ရှိသည်ဟု ဆိုကြသည်။

ထို့ကြောင့် ဖေဖော်ဝါရီလ က စတင်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာ၏ ဝင်ငွေသည် ယခင်နှစ်က ထက် ၉၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စီးပွားရေးပညာရှင်များ IEM က ဇူလိုင်လ တွင် အစီရင်ခံစာ တစ်စောင်ထုတ်ပြန် ခဲ့သည်။

*** ZAWGYI ***
ႀကိဳ႕ပင္ေကာက္ ႐ြာသုံး႐ြာ လွ်ပ္စစ္မီး ျဖတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၃ ရက္။

ပဲခူတိုင္းေဒသႀကီး၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕ အေရွ႕ဘက္ရွိ အိမ္ေျခ ၂၀၀ ခန႔္ ရွိေသာ ေက်း႐ြာ ၃ ႐ြာကို မီတာခ ေပး ေဆာင္ျခင္း မရွိ၍ဆိုကာ စစ္ေကာင္စီက လွ်ပ္စစ္မီး ျဖတ္ေတာက္လိုက္သည္။

ထို ေက်း႐ြာ ၃ ႐ြာသည္ လြန္ခဲ့သည့္ တႏွစ္ခန႔္က ျပည္သူႏွင့္အစိုးရ တဝက္စီက်ခံ၍ လွ်ပ္စစ္မီးသြယ္ယူထားျခင္း ျဖစ္ၿပီး ႐ြာသုံး႐ြာေပါင္း အိမ္ေျခ ၆၀၀ ခန႔္ ရွိသည့္အနက္ ၃၀၀ ေက်ာ္ခန႔္ မီးျဖတ္ခံထားရ၍ အခက္အခဲမ်ား ျဖစ္ ေနသည္ဟု ေဒသခံတစ္ဦးကေျပာသည္။

“ထက္ဝက္ေလာက္ကို မီးျဖတ္ထား စစ္သားေတြနဲ႔ လွ်ပ္စစ္ဝန္ထမ္းေတြ ေပါင္းၿပီးလာျဖတ္သြားတာ“ ဟု ေဒသ ခံတစ္ဦး က ေျပာသည္။

ေအာက္တိုဘာလ ၁၂ ရက္ေန႔၊ ညေန ၃ နာရီခန႔္တြင္ စစ္သားမ်ားႏွင့္ လွ်ပ္စစ္ဝန္ထမ္းမ်ား ပူးေပါင္း၍ ႐ြာမ်ား၏ ထရန္ စေမာ္မာကို လာပိတ္သြားျခင္း ျဖစ္ေၾကာင္းသိရသည္။

မီးအျဖတ္ခံရေသာ ေက်း႐ြာသုံး႐ြာမွာ ႀကိဳ႕ပင္ေကာက္ၿမိဳ႕ အေရွ႕ဂုန္ညႇင္းတန္းႀကီးေက်း႐ြာ၊ ဘထိန္ဝင္ေက်း႐ြာ ႏွင့္ ဖုန္းစိုးစုေက်း႐ြာတို႔ ျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

မီတာခ မေဆာင္ၾက၍ လွ်ပ္စစ္လုပ္ငန္းဝင္ေငြမရွိလွ်င္ စက္႐ုံပိတ္ရျခင္းမ်ိဳးျဖစ္လာႏိုင္ေၾကာင္း အထူးသျဖင့္ လွ်ပ္စစ္ကို အဓိကမွီခိုေနရသည့္ ၿမိဳ႕ျပမ်ားအတြက္ ထိခိုက္ႏိုင္သည္ဟု နားလည္ထားေသာ္လည္း ယခု ေက်း႐ြာ မ်ား အထိပါ သက္ေရာက္မႈရွိလာေနသည္ဟု စြမ္းအင္က႑ ေလ့လာေနသူ တစ္ဦး က ေျပာသည္။

တစ္ႏိုင္ငံလုံး အတိုင္းအတာေဆာင္သည့္ အၾကမ္းမဖက္ အာဏာဖီဆန္ေရး CDM လႈပ္ရွားမႈေၾကာင့္ လစဥ္ ေပး ေဆာင္ရမည့္ မီတာခမ်ားကို မေဆာင္ၾကပဲ ျပည္သူမ်ားက စစ္အာဏာရွင္ကို ဆန႔္က်င္ေၾကာင္း ဆႏၵထုတ္ ေဖာ္ ေနၾကျခင္း ျဖစ္သည္။ သို႔ေသာ္ မီတာခေပးေဆာင္သူအခ်ိဳ႕လည္း ရွိသည္ဟု ဆိုၾကသည္။

ထို႔ေၾကာင့္ ေဖေဖာ္ဝါရီလ က စတင္၍ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာ၏ ဝင္ေငြသည္ ယခင္ႏွစ္က ထက္ ၉၀ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စီးပြားေရးပညာရွင္မ်ား IEM က ဇူလိုင္လ တြင္ အစီရင္ခံစာ တစ္ေစာင္ထုတ္ျပန္ ခဲ့သည္။