မြစ်ကြီးနားတွင် ၁၄ နှစ်အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။

အောက်တိုဘာလ ၁၂ ရက်နေ့ က ၃၇ ဒဿမ ၅ ဒီဂရီ စင်တီဂရိတ်ဖြင့် မြစ်ကြီနားမြို့၏ ၁၄ နှစ် အတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်တင်ခဲ့သည်ဟု ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

မြစ်ကြီးနားမြို့တွင် လွန်ခဲ့သည့် ၁၄ နှစ် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် ၃၇ ဒဿမ ၀ ဒီဂရီစင်တီ ဂရိတ်သာ ရှိခဲ့ပြီး ယခုနှစ်တွင် ၃၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့သည့်အတွက် ၁၄ နှစ်အတွင်း စံချိန်သစ်တင် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

စက်ရုံများနှင့် ရုပ်ကြွင်း လောင်စာသုံး ယာဉ်များ၏ ကာဗွန်ထုတ်လွတ်မှုများကြောင့် ကမ္ဘာကြီး ပူနွေးလာမှုများ ဖြစ်ပေါ်လာပြီး ယခုကဲ့သို့ အပူချိန်မြင့်တင်လာခြင်းမှာ Climate Change (ခေါ်) ဥတုရာသီဖောက်ပြန် ပြောင်းလဲ ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူများက ထောက်ပြထားကြသည်။

ယခုကဲ့သို့ အပူချိန်မြင့်တက်မှုကြောင့် အပူပြန်တက်ပြီး ပြန်ကျမိုးများ ရွာရန်ရှိပြီး မိုးရွာလျှင်လည်း လျှပ်စီးမိုး ကြိုး အန္တရာယ်များကိုသတိပြုရန်လိုအပ်သကဲ့သို့ ပူအိုက်ပြီး လေငြိမ်နေသည့်အတွက် အသက်အရွယ်ကြီး သူ များကို အထူးဂရုစိုက်ရန်လိုအပ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေး အကြံ ပြုထားသည်။

“မိုးကမရွာလို့ ဒုက္ခရောက်နေပြီ။ စပါးတွေက မှည့်ကာနီး အောင်ရေမရလို့ အရမ်းခြောက်နေပြီ” ဟု ဝိုင်းမော်မြို့ က အသက် ၅၀ ခန့်အရွယ် လယ်သမားတစ်ဦး က ပြောသည်။

ထူးခြားမှု တစ်ခုမှာ ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပေါ် တွင်လည်း လေဖိအားနည်းရပ်ဝန်းရှိသကဲ့သို့ တရုတ်နိုင်ငံဘက်နှင့် တောင်တရုတ်ပင်လယ်ဘက်တွင်လည်း လေ ဖိအားနည်းရပ်ဝန်းများရှိပြီး ပတ်ပတ်လည်တွင် လေဖိအားနည်း ရပ်ဝန်းများဖြစ်နေသည်ဟု ကချင်ပြည်နယ်မိုး/ ဇလက ဦးစီးအရာရှိ ဦးနိုင်လင်းထွေး က ပြောသည်။

“ရာသီဥတု ပြောင်းလဲလာတဲ့ အနေအထားနဲ့ စံချိန်ကျိုးတာပေါ့ အပူချိန်မြင့်လာတဲ့ အချိန်နဲ့ မိုးပြတ်သွားတဲ့ အချိန် ထူးခြားတာက အခုက လေဖိအားနည်းရပ်ဝန်းထဲမှာ ပတ်ပတ်လည်ဖြစ်နေတာ” ၎င်း က ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်လည်း ယခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က အမြင့်ဆုံးအပူချိန် ၃၇ ဒဿမ ၀ ဒီဂရီစင်တီဂရိတ် နှင့် ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ၏ ၃၆ ဒဿမ ၈ ဒီဂရီစင်တီဂရိတ် ကို ကျော်ကာ ၁၂ နှစ်အတွင်း အပူချိန်စံချိန်သစ် တင်ခဲ့ကြောင်း သိရသည်။

*** ZAWGYI ***
ျမစ္ႀကီးနားတြင္ ၁၄ ႏွစ္အတြင္း အျမင့္ဆုံး အပူခ်ိန္ စံခ်ိန္သစ္တင္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္။

ေအာက္တိုဘာလ ၁၂ ရက္ေန႔ က ၃၇ ဒႆမ ၅ ဒီဂရီ စင္တီဂရိတ္ျဖင့္ ျမစ္ႀကီနားၿမိဳ႕၏ ၁၄ ႏွစ္ အတြင္း အျမင့္ဆုံး အပူခ်ိန္ စံခ်ိန္သစ္တင္ခဲ့သည္ဟု ကခ်င္ျပည္နယ္ မိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာန တာဝန္ရွိသူက ေျပာသည္။

ျမစ္ႀကီးနားၿမိဳ႕တြင္ လြန္ခဲ့သည့္ ၁၄ ႏွစ္ ၂၀၀၇ ခုႏွစ္၊ ေအာက္တိုဘာလ ၆ ရက္ေန႔တြင္ ၃၇ ဒႆမ ၀ ဒီဂရီစင္တီ ဂရိတ္သာ ရွိခဲ့ၿပီး ယခုႏွစ္တြင္ ၃၇ ဒႆမ ၅ ဒီဂရီစင္တီဂရိတ္ရွိခဲ့သည့္အတြက္ ၁၄ ႏွစ္အတြင္း စံခ်ိန္သစ္တင္ ျမင့္တက္ခဲ့ျခင္း ျဖစ္သည္။

စက္႐ုံမ်ားႏွင့္ ႐ုပ္ႂကြင္း ေလာင္စာသုံး ယာဥ္မ်ား၏ ကာဗြန္ထုတ္လြတ္မႈမ်ားေၾကာင့္ ကမာၻႀကီး ပူေႏြးလာမႈမ်ား ျဖစ္ေပၚလာၿပီး ယခုကဲ့သို႔ အပူခ်ိန္ျမင့္တင္လာျခင္းမွာ Climate Change (ေခၚ) ဥတုရာသီေဖာက္ျပန္ ေျပာင္းလဲ ျခင္းတို႔ေၾကာင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး လုပ္ေဆာင္ေနသူမ်ားက ေထာက္ျပထားၾကသည္။

ယခုကဲ့သို႔ အပူခ်ိန္ျမင့္တက္မႈေၾကာင့္ အပူျပန္တက္ၿပီး ျပန္က်မိုးမ်ား ႐ြာရန္ရွိၿပီး မိုး႐ြာလွ်င္လည္း လွ်ပ္စီးမိုး ႀကိဳး အႏၲရာယ္မ်ားကိုသတိျပဳရန္လိုအပ္သကဲ့သို႔ ပူအိုက္ၿပီး ေလၿငိမ္ေနသည့္အတြက္ အသက္အ႐ြယ္ႀကီး သူ မ်ားကို အထူးဂ႐ုစိုက္ရန္လိုအပ္ေၾကာင္း ကခ်င္ျပည္နယ္ မိုးေလဝသႏွင့္ ဇလေဗဒဦးစီးဌာနက သတိေပး အႀကံ ျပဳထားသည္။

“မိုးကမ႐ြာလို႔ ဒုကၡေရာက္ေနၿပီ။ စပါးေတြက မွည့္ကာနီး ေအာင္ေရမရလို႔ အရမ္းေျခာက္ေနၿပီ” ဟု ဝိုင္းေမာ္ၿမိဳ႕ က အသက္ ၅၀ ခန႔္အ႐ြယ္ လယ္သမားတစ္ဦး က ေျပာသည္။

ထူးျခားမႈ တစ္ခုမွာ ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္ဝန္းတစ္ခုရွိၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံ အေပၚ တြင္လည္း ေလဖိအားနည္းရပ္ဝန္းရွိသကဲ့သို႔ တ႐ုတ္ႏိုင္ငံဘက္ႏွင့္ ေတာင္တ႐ုတ္ပင္လယ္ဘက္တြင္လည္း ေလ ဖိအားနည္းရပ္ဝန္းမ်ားရွိၿပီး ပတ္ပတ္လည္တြင္ ေလဖိအားနည္း ရပ္ဝန္းမ်ားျဖစ္ေနသည္ဟု ကခ်င္ျပည္နယ္မိုး/ ဇလက ဦးစီးအရာရွိ ဦးႏိုင္လင္းေထြး က ေျပာသည္။

“ရာသီဥတု ေျပာင္းလဲလာတဲ့ အေနအထားနဲ႔ စံခ်ိန္က်ိဳးတာေပါ့ အပူခ်ိန္ျမင့္လာတဲ့ အခ်ိန္နဲ႔ မိုးျပတ္သြားတဲ့ အခ်ိန္ ထူးျခားတာက အခုက ေလဖိအားနည္းရပ္ဝန္းထဲမွာ ပတ္ပတ္လည္ျဖစ္ေနတာ” ၎ က ေျပာသည္။

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕တြင္လည္း ယခုႏွစ္ ေအာက္တိုဘာလ ၁၁ ရက္ေန႔က အျမင့္ဆုံးအပူခ်ိန္ ၃၇ ဒႆမ ၀ ဒီဂရီစင္တီဂရိတ္ ႏွင့္ ၂၀၀၉ ခုႏွစ္ ေအာက္တိုဘာလ ၂ ရက္ေန႔ ၏ ၃၆ ဒႆမ ၈ ဒီဂရီစင္တီဂရိတ္ ကို ေက်ာ္ကာ ၁၂ ႏွစ္အတြင္း အပူခ်ိန္စံခ်ိန္သစ္ တင္ခဲ့ေၾကာင္း သိရသည္။