ညောင်လေးပင်ခရိုင်အတွင်း ကျေးရွာများတွင် ကိုဗစ်ကဲ့သို့ လက္ခဏာများဖြစ်၊ ကိုဗစ် စစ်ဆေးကာကွယ်မှု မရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင် ကိုဗစ်-၁၉ ကဲ့သို့သော ရောဂါလက္ခဏာများ ခံစားနေရပြီး ရွာလုံးကျွတ်ဖျားနာကာ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် နှစ်လ သုံးလလောက်ခန့်မှ စတင်ကာ ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်နှင့် ရွှေ ကျင်မြို့နယ်များရှိ ကျေးရွာအုပ်စုများမှ ပြည်သူများမှာ ကိုဗစ်-၁၉ ကဲ့သို့သော ရောဂါ လက္ခဏာများကို ခံစားလာ ရကြရသည်ဟု ညောင်းလေးပင်ခရိုင် ဒေသခံ ကရင့်လူမှုရေးရာ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

“ကျနော်တို့ ပြောရမယ်ဆိုရင် ရွာတိုင်းပဲ ညောင်လေးပင်ခရိုင်တစ်ခုလုံးပဲ အခြားဒေသလည်း အဲလိုပဲ ဖြစ်မယ် လို့ ထင်တယ်။ ဒါပေမယ့် အနီးစပ်ဆုံး ညောင်လေးပင်ခရိုင်တစ်ခုလုံး ရွာတိုင်းလိုလို ညောင်လေးပင် ခရိုင်ဆိုတာ ကျောက်ကြီး၊ မုန်းရယ်၊ ရွှေကျင်ရယ်။ အကုန်လုံးက ကျနော်တို့လည်း လူမှုရေး အဖွဲ့တွေကို ချိတ်ဆက်ကြည့် တာ အကုန်လုံးကလည်း တစ်လ နှစ်လ အတောအတွင်း အကုန်လုံးဖြစ်ကြတာပဲ တုတ်ကွေးလို့ပဲ ပြောကြပြီး တော့ ကုကြတာပဲ ပြန်ပြီးတော့ သက်သာတာပဲလေ။ ဒါပေမယ့် တချို့ကျတော့ ဆုံးတာတို့ ဘာတို့ ရှိတာပေါ့ လူ ကြီးနဲ့ ရောဂါ အခံရှိတဲ့လူတွေ” ဟု ညောင်လေးပင်ခရိုင် ဒေသခံ ကရင့်လူမှုရေးရာ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ပြီးခဲ့သည့် သုံးလေးလခန့်က ဒေသအတွင်း ရောဂါဖြစ်ပွားမှု အခြေအနေမှာ မြှင့်တက်ခဲ့ပြီး လက်ရှိတွင် အနည်း ငယ် ပြန်လည် ငြိမ်သက်နေသော်လည်း စိုးရိမ်နေရသေးသည်ဟု ဆိုသည်။

ညောင်လေးပင် ခရိုင်အတွင်း ယခုလက်ရှိ ဖြစ်ပွားနေသည့် ဖျားနာမှုများသည် ရာသီတုတ်ကွေးရောဂါဟု ဒေသခံ များက ပြောဆိုနေကြသော်လည်း လက်ရှိဖြစ်ပွားနေသည့် ရောဂါလက္ခဏာများမှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာ နှင့် ပုံစံတူညီသည်ဟု ဒေသခံ ကရင့်လူမှုရေးရာ တာဝန်ရှိသူ က ဆက်ပြောသည်။

“ပြောမယ်ဆိုရင် ဒါက သွားမစစ်တာ တစ်ခုပဲ။ တစ်ယောက် နှစ်ယောက် သွားစစ်တဲ့သူတွေက အကုန်လုံးက ပေါ်ပြီးတော့ အဲမှာနေနေကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက္ခဏာဖြစ်တဲ့ တုတ်ကွေးလို့သာ ပြောတယ် ပြောရမယ်ဆိုရင် ကိုဗစ်လက္ခဏာနဲ့ တစ်ထပ်တည်း ပုံစံလို ပြောလို့ရတယ်။ အနံ့မရဘူးဗျာ။ ကြာတယ်။ ပထမ ဟိုးအရင် တုတ်ကွေးဆိုရင်လည်း သိပ်မကြာဘူးလေ။ အခုက ကြာလည်း ကြာတယ်။ လှုပ်ရှားရင် မောတယ်။ အဲလိုမျိုး တော်တော်လေးကို သုံးလေးပတ် တစ်ချို့လူတွေဆို့ရင် သုံးပတ်လေးပတ် တစ်လကျော် လောက် ကြာ တယ်။ လူငယ်တို့ ဘာတို့ကျတော့ သိပ်စိုးရိမ်စရာမရှိဘူး။ လူကြီးနဲ့ ရောဂါအခံရှိတဲ့ သူတွေကျတော့ နည်းနည်း စိုးရိမ်ရတယ်။”

ထိုသို့ဖျားနာမှုများ ရှိနေသော်လည်း ဒေသခံများမှာ ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသမှု ခံယူမှု မပြုလုပ်ပဲ ၎င်းတို့ နီးစပ်ရာ ဒေသအတွင်းက ဆေးကုသသူများနှင့်သာ ဆေးကုသမှုခံယူကြသည်ဟု ညောင်လေးပင် ဒေသခံ များ ဆိုသည်။

ဒေသအတွင်းက ဆေးကုသူများနှင့် ဆေးကုသမှုများ ခံယူနေသော်လည်း ကုန်စျေးနှုန်းမြှင့်တက်မှုများကြောင့် ဆေးဝါးများမှာ စျေးကြီးခြင်းနှင့် ဆေးဝါး ဝယ်ယူ၍ မရရှိသည့် အခြေအနေများအောက်တွင် ရှိနေသည်ဟု ပြော သည်။

“အမှန်မှန် ဆေးရုံ ဆေးခန်းသွားပြမယ်ဆိုရင် အကုန်လုံးကတော့ ဘာဖြစ်လို့လဲ ဆိုရင် သွားပြလည်း ဘာမှမထူး ဘူးလေ။ ဝန်ဆောင်မှုက ဘာမှဖြစ်တာမဟုတ်ဘူး။ ရွာမှာပဲ ကိုယ့်ရွာနဲ့ကိုယ့်ဇာတ်ပဲ ကကြတာပဲ ခက်ခဲတယ်။ ဆေးဖိုးလည်း ဆေးတွေလည်း တော်တော်စျေးတက်တယ်။ တစ်ဆနှစ်ဆသုံးဆလောက် တော်တော်တက်တယ်။ ဒီဖက်အခြမ်းမှာ အကုန်လုံးပါပဲ အဲဒီ ကုန်စျေးနှုန်းက အခုက ဆေးတစ်ခုတည်း မဟုတ်ဘူး။ ဆီရော၊ ဓာတ်ဆီ တွေရော အကုန်လုံး ကုန်စျေးနှုန်းက အကုန်တက်တာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကိုဗစ်-၁၉ ရောဂါကြောင့်သော်လည်းကောင်း စစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် သော်လည်းကောင်း ညောင် လေးပင် ခရိုင်အတွင်းက မြို့နယ်များရှိ ကျေးရွာအုပ်စုများမှ ဒေသခံများမှာ သွားလာလုပ်ကိုင် စားသောက်ရန် ပိုမိုခက်ခဲလာသည့်အတွက် စားဝတ်နေရေးနှင့် အဖက်ဖက်တွင် လိုအပ်မှုများ ရှိနေသည်ဟု ဆိုသည်။

ညောင်လေးပင်ခရိုင်အတွင်းက ကျောက်ကြီး၊ ရွှေကျင် နှင့် မုန်းမြို့နယ်များသည် KNU တပ်မဟာ ၃ လက် အောက်ခံ တပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများလည်း ပြန်လည် ဖြစ်ပွားနေသည့် ဒေသများဖြစ်သည်။

*** ZAWGYI ***
ေညာင္ေလးပင္ခ႐ိုင္အတြင္း ေက်း႐ြာမ်ားတြင္ ကိုဗစ္ကဲ့သို႔ လကၡဏာမ်ားျဖစ္၊ ကိုဗစ္ စစ္ေဆးကာကြယ္မႈ မရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္။

ပဲခူးတိုင္း ေညာင္ေလးပင္ခ႐ိုင္ရွိ ေက်း႐ြာအုပ္စုအားလုံးနီးပါးတြင္ ကိုဗစ္-၁၉ ကဲ့သို႔ေသာ ေရာဂါလကၡဏာမ်ား ခံစားေနရၿပီး ႐ြာလုံးကြၽတ္ဖ်ားနာကာ ေသဆုံးမႈမ်ားရွိေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

လြန္ခဲ့သည့္ ႏွစ္လ သုံးလေလာက္ခန႔္မွ စတင္ကာ ေညာင္ေလးပင္ခ႐ိုင္ရွိ ေက်ာက္ႀကီးၿမိဳ႕နယ္၊ မုန္းၿမိဳ႕နယ္ႏွင့္ ေ႐ႊ က်င္ၿမိဳ႕နယ္မ်ားရွိ ေက်း႐ြာအုပ္စုမ်ားမွ ျပည္သူမ်ားမွာ ကိုဗစ္-၁၉ ကဲ့သို႔ေသာ ေရာဂါ လကၡဏာမ်ားကို ခံစားလာ ရၾကရသည္ဟု ေညာင္းေလးပင္ခ႐ိုင္ ေဒသခံ ကရင့္လူမႈေရးရာ တာဝန္ရွိသူ တစ္ဦး က ေျပာသည္။

“က်ေနာ္တို႔ ေျပာရမယ္ဆိုရင္ ႐ြာတိုင္းပဲ ေညာင္ေလးပင္ခ႐ိုင္တစ္ခုလုံးပဲ အျခားေဒသလည္း အဲလိုပဲ ျဖစ္မယ္ လို႔ ထင္တယ္။ ဒါေပမယ့္ အနီးစပ္ဆုံး ေညာင္ေလးပင္ခ႐ိုင္တစ္ခုလုံး ႐ြာတိုင္းလိုလို ေညာင္ေလးပင္ ခ႐ိုင္ဆိုတာ ေက်ာက္ႀကီး၊ မုန္းရယ္၊ ေ႐ႊက်င္ရယ္။ အကုန္လုံးက က်ေနာ္တို႔လည္း လူမႈေရး အဖြဲ႕ေတြကို ခ်ိတ္ဆက္ၾကည့္ တာ အကုန္လုံးကလည္း တစ္လ ႏွစ္လ အေတာအတြင္း အကုန္လုံးျဖစ္ၾကတာပဲ တုတ္ေကြးလို႔ပဲ ေျပာၾကၿပီး ေတာ့ ကုၾကတာပဲ ျပန္ၿပီးေတာ့ သက္သာတာပဲေလ။ ဒါေပမယ့္ တခ်ိဳ႕က်ေတာ့ ဆုံးတာတို႔ ဘာတို႔ ရွိတာေပါ့ လူ ႀကီးနဲ႔ ေရာဂါ အခံရွိတဲ့လူေတြ” ဟု ေညာင္ေလးပင္ခ႐ိုင္ ေဒသခံ ကရင့္လူမႈေရးရာ တာဝန္ရွိသူတစ္ဦးက ေျပာ သည္။

ၿပီးခဲ့သည့္ သုံးေလးလခန႔္က ေဒသအတြင္း ေရာဂါျဖစ္ပြားမႈ အေျခအေနမွာ ျမႇင့္တက္ခဲ့ၿပီး လက္ရွိတြင္ အနည္း ငယ္ ျပန္လည္ ၿငိမ္သက္ေနေသာ္လည္း စိုးရိမ္ေနရေသးသည္ဟု ဆိုသည္။

ေညာင္ေလးပင္ ခ႐ိုင္အတြင္း ယခုလက္ရွိ ျဖစ္ပြားေနသည့္ ဖ်ားနာမႈမ်ားသည္ ရာသီတုတ္ေကြးေရာဂါဟု ေဒသခံ မ်ားက ေျပာဆိုေနၾကေသာ္လည္း လက္ရွိျဖစ္ပြားေနသည့္ ေရာဂါလကၡဏာမ်ားမွာ ကိုဗစ္-၁၉ ေရာဂါ လကၡဏာ ႏွင့္ ပုံစံတူညီသည္ဟု ေဒသခံ ကရင့္လူမႈေရးရာ တာဝန္ရွိသူ က ဆက္ေျပာသည္။

“ေျပာမယ္ဆိုရင္ ဒါက သြားမစစ္တာ တစ္ခုပဲ။ တစ္ေယာက္ ႏွစ္ေယာက္ သြားစစ္တဲ့သူေတြက အကုန္လုံးက ေပၚၿပီးေတာ့ အဲမွာေနေနၾကတာပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ လကၡဏာျဖစ္တဲ့ တုတ္ေကြးလို႔သာ ေျပာတယ္ ေျပာရမယ္ဆိုရင္ ကိုဗစ္လကၡဏာနဲ႔ တစ္ထပ္တည္း ပုံစံလို ေျပာလို႔ရတယ္။ အနံ႔မရဘူးဗ်ာ။ ၾကာတယ္။ ပထမ ဟိုးအရင္ တုတ္ေကြးဆိုရင္လည္း သိပ္မၾကာဘူးေလ။ အခုက ၾကာလည္း ၾကာတယ္။ လႈပ္ရွားရင္ ေမာတယ္။ အဲလိုမ်ိဳး ေတာ္ေတာ္ေလးကို သုံးေလးပတ္ တစ္ခ်ိဳ႕လူေတြဆို႔ရင္ သုံးပတ္ေလးပတ္ တစ္လေက်ာ္ ေလာက္ ၾကာ တယ္။ လူငယ္တို႔ ဘာတို႔က်ေတာ့ သိပ္စိုးရိမ္စရာမရွိဘူး။ လူႀကီးနဲ႔ ေရာဂါအခံရွိတဲ့ သူေတြက်ေတာ့ နည္းနည္း စိုးရိမ္ရတယ္။”

ထိုသို႔ဖ်ားနာမႈမ်ား ရွိေနေသာ္လည္း ေဒသခံမ်ားမွာ ေဆး႐ုံ၊ ေဆးခန္းမ်ားတြင္ ေဆးကုသမႈ ခံယူမႈ မျပဳလုပ္ပဲ ၎တို႔ နီးစပ္ရာ ေဒသအတြင္းက ေဆးကုသသူမ်ားႏွင့္သာ ေဆးကုသမႈခံယူၾကသည္ဟု ေညာင္ေလးပင္ ေဒသခံ မ်ား ဆိုသည္။

ေဒသအတြင္းက ေဆးကုသူမ်ားႏွင့္ ေဆးကုသမႈမ်ား ခံယူေနေသာ္လည္း ကုန္ေစ်းႏႈန္းျမႇင့္တက္မႈမ်ားေၾကာင့္ ေဆးဝါးမ်ားမွာ ေစ်းႀကီးျခင္းႏွင့္ ေဆးဝါး ဝယ္ယူ၍ မရရွိသည့္ အေျခအေနမ်ားေအာက္တြင္ ရွိေနသည္ဟု ေျပာ သည္။

“အမွန္မွန္ ေဆး႐ုံ ေဆးခန္းသြားျပမယ္ဆိုရင္ အကုန္လုံးကေတာ့ ဘာျဖစ္လို႔လဲ ဆိုရင္ သြားျပလည္း ဘာမွမထူး ဘူးေလ။ ဝန္ေဆာင္မႈက ဘာမွျဖစ္တာမဟုတ္ဘူး။ ႐ြာမွာပဲ ကိုယ့္႐ြာနဲ႔ကိုယ့္ဇာတ္ပဲ ကၾကတာပဲ ခက္ခဲတယ္။ ေဆးဖိုးလည္း ေဆးေတြလည္း ေတာ္ေတာ္ေစ်းတက္တယ္။ တစ္ဆႏွစ္ဆသုံးဆေလာက္ ေတာ္ေတာ္တက္တယ္။ ဒီဖက္အျခမ္းမွာ အကုန္လုံးပါပဲ အဲဒီ ကုန္ေစ်းႏႈန္းက အခုက ေဆးတစ္ခုတည္း မဟုတ္ဘူး။ ဆီေရာ၊ ဓာတ္ဆီ ေတြေရာ အကုန္လုံး ကုန္ေစ်းႏႈန္းက အကုန္တက္တာ” ဟု ေဒသခံ တစ္ဦးက ေျပာသည္။

ကိုဗစ္-၁၉ ေရာဂါေၾကာင့္ေသာ္လည္းေကာင္း စစ္တပ္မွ အာဏာသိမ္းၿပီးေနာက္တြင္ ေသာ္လည္းေကာင္း ေညာင္ ေလးပင္ ခ႐ိုင္အတြင္းက ၿမိဳ႕နယ္မ်ားရွိ ေက်း႐ြာအုပ္စုမ်ားမွ ေဒသခံမ်ားမွာ သြားလာလုပ္ကိုင္ စားေသာက္ရန္ ပိုမိုခက္ခဲလာသည့္အတြက္ စားဝတ္ေနေရးႏွင့္ အဖက္ဖက္တြင္ လိုအပ္မႈမ်ား ရွိေနသည္ဟု ဆိုသည္။

ေညာင္ေလးပင္ခ႐ိုင္အတြင္းက ေက်ာက္ႀကီး၊ ေ႐ႊက်င္ ႏွင့္ မုန္းၿမိဳ႕နယ္မ်ားသည္ KNU တပ္မဟာ ၃ လက္ ေအာက္ခံ တပ္ဖြဲ႕ မ်ားႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္တို႔အၾကား စစ္ေရးတင္းမာလ်က္ရွိၿပီး တိုက္ပြဲမ်ားလည္း ျပန္လည္ ျဖစ္ပြားေနသည့္ ေဒသမ်ားျဖစ္သည္။