တိုက်ပြိုရာမှ အမျိုးသားသုံးဦး အလောင်းရှာဖွေတွေ့ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ဆောက်လက်စ တိုက်တစ်လုံး အောက်တိုဘာ ၁၅ ရက်က ပြိုကျခဲ့ပြီးနောက် သေဆုံးနေသည့် အမျိုးသားအလောင်း ၃ လောင်းကို ရှာတွေ့ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ထားသည်။

ကျန်စစ်သားလမ်းနှင့် မေယုလမ်းထောင့်ရှိ ပြိုကျခဲ့သော ဆောက်လက်စတိုက်ကို ရှာဖွေရာ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်တွင် သေဆုံးနေသည့် အမျိုးသား ၃ ဦးကို အလောင်းကို တွေ့ရှိ ထုတ်ယူနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ က ထုတ်ပြန်သည်။

တိုက်ပြိုကျပြီးနောက် ၁၅ မိနစ်ခန့် အကြာတွင် ပိတ်မိနေသည့် အမျိုးသားသုံးဦး ကို အသက်ရှင်လျက် ပြန်လည် ကယ်တင်နိုင်ခဲ့ပြီး အတွင်းဖက်တွင် ပိတ်မိနေသူများကိုကယ်တင်နိုင်ရန် ဆက်လက်လုပ် ဆောင်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့ က သတင်းထုတ်ပြန်ခဲ့သည်။

“အထဲမှာ ပိတ်မိနေတာ ၁၂ ယောက်လောက် ရှိတယ်ပြောတယ်။ ကလေးတစ်ယောက်တောင် ပါတယ်လို့ လည်း ပြောတယ်။ ဒါပေမယ့်မမြင်ရ သေးတော့ သေချာတော့ပြောလို့ မရသေးဘူး” ဟု အဆိုပါနေရာသို့ သွားရောက် ကူညီပေးခဲ့သည့် သုခကာရီပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ အဆောက်အဦးမှာ ၃ ထပ်တိုက် တည်ဆောက်နေစဉ် ပြိုကျခဲ့ခြင်းဖြစ်ပြီး ညနေ ၄ နာရီဝန်းကျင်အထိ ထိခိုက်ဒဏ်ရာရသူ သေဆုံးသူများကို ထပ်မံမတွေ့ရှိသေးဘဲ ဆက်လက်ရှာဖွေလျက်နေကြသည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁၄ ရက်နေ့ ကလည်း တောင်ကြီးမြို့တွင် ပြန်လည်ပြုပြင်လက်စ တစ်ထပ်တိုက် ပြိုကျခဲ့သဖြင့် လူတစ်ဦးသေဆုံးသွား ခဲ့သည်။

*** ZAWGYI ***
တိုက္ၿပိဳရာမွ အမ်ိဳးသားသုံးဦး အေလာင္းရွာေဖြေတြ႕ရွိ

သတင္းႏွင့္ မီဒီယာ ကြန္ရက္
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္။

ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းရွိ ေဆာက္လက္စ တိုက္တစ္လုံး ေအာက္တိုဘာ ၁၅ ရက္က ၿပိဳက်ခဲ့ၿပီးေနာက္ ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္း ၃ ေလာင္းကို ရွာေတြ႕ခဲ့သည္ဟု ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ သတင္းထုတ္ျပန္ထားသည္။

က်န္စစ္သားလမ္းႏွင့္ ေမယုလမ္းေထာင့္ရွိ ၿပိဳက်ခဲ့ေသာ ေဆာက္လက္စတိုက္ကို ရွာေဖြရာ မြန္းလြဲ ၂ နာရီခြဲ ဝန္းက်င္ခန႔္တြင္ ေသဆုံးေနသည့္ အမ်ိဳးသား ၃ ဦးကို အေလာင္းကို ေတြ႕ရွိ ထုတ္ယူႏိုင္ခဲ့သည္ဟု ျမန္မာႏိုင္ငံ မီးသတ္ တပ္ဖြဲ႕ က ထုတ္ျပန္သည္။

တိုက္ၿပိဳက်ၿပီးေနာက္ ၁၅ မိနစ္ခန႔္ အၾကာတြင္ ပိတ္မိေနသည့္ အမ်ိဳးသားသုံးဦး ကို အသက္ရွင္လ်က္ ျပန္လည္ ကယ္တင္ႏိုင္ခဲ့ၿပီး အတြင္းဖက္တြင္ ပိတ္မိေနသူမ်ားကိုကယ္တင္ႏိုင္ရန္ ဆက္လက္လုပ္ ေဆာင္ခဲ့ရသည္ဟု မီးသတ္တပ္ဖြဲ႕ က သတင္းထုတ္ျပန္ခဲ့သည္။

“အထဲမွာ ပိတ္မိေနတာ ၁၂ ေယာက္ေလာက္ ရွိတယ္ေျပာတယ္။ ကေလးတစ္ေယာက္ေတာင္ ပါတယ္လို႔ လည္း ေျပာတယ္။ ဒါေပမယ့္မျမင္ရ ေသးေတာ့ ေသခ်ာေတာ့ေျပာလို႔ မရေသးဘူး” ဟု အဆိုပါေနရာသို႔ သြားေရာက္ ကူညီေပးခဲ့သည့္ သုခကာရီပရဟိတအသင္းက တာဝန္ရွိသူတစ္ဦးက ဆိုသည္။

အဆိုပါ အေဆာက္အဦးမွာ ၃ ထပ္တိုက္ တည္ေဆာက္ေနစဥ္ ၿပိဳက်ခဲ့ျခင္းျဖစ္ၿပီး ညေန ၄ နာရီဝန္းက်င္အထိ ထိခိုက္ဒဏ္ရာရသူ ေသဆုံးသူမ်ားကို ထပ္မံမေတြ႕ရွိေသးဘဲ ဆက္လက္ရွာေဖြလ်က္ေနၾကသည္ဟု ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ေအာက္တိုဘာ ၁၄ ရက္ေန႔ ကလည္း ေတာင္ႀကီးၿမိဳ႕တြင္ ျပန္လည္ျပဳျပင္လက္စ တစ္ထပ္တိုက္ ၿပိဳက်ခဲ့သျဖင့္ လူတစ္ဦးေသဆုံးသြား ခဲ့သည္။