နိုင်ငံရေးမှ နှုတ်ထွက်ရန် တပ်မတော်အား KNU တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

စစ်တပ်အနေဖြင့် နိုင်ငံရေးတွင် ပါဝင်နေမှုမှ နှုတ်ထွက်ကြောင်း ကြေငြာရန် ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပြောဆို လိုက်သည်။

တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းမှုကို ကင်တင်သည့် အနေဖြင့် တပ်မတော်က ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူ ထောင်ရေး ကတိကဝတ်ပြုမှုကို တရားဝင်ကြေငြာချက်ထုတ်ပြန်ရန်နှင့် နိုင်ငံရေးမှာ ပါဝင်နေမှုကနေ နှုတ်ထွက် ကြောင်း ကြေငြာရန် ကရင်အမျိုးသားအစည်းအရုံး KNU က ပြောသည်။

KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက “အဓိက ပြောချင်တာကတော့ အခုဖြစ်ပွားနေတဲ့ ပြ ဿနာတွေ အကုန်လုံးရဲ့ အရင်းအမြစ်ကတော့ တပ်မတော် ကနေ နိုင်ငံရေးထဲမှာ ဝင်စွက်ဖက်နေတဲ့ အတွက် ကြောင့် အဓိကတော့ သူတို့ နိုင်ငံရေးကနေ ထွက်တယ်၊ တကယ့် ပရော်ဖက်ရှင်နယ် အာမီလို့ ပုံစံမျိုးနဲ့ တပ်မ တော်ကနေ နိုင်ငံရေးကနေ ကင်းကင်းကွာကွာနဲ့ တကယ့်ပြည်သူလူ ထုကို ကာကွယ်ပေးတဲ့ တိုင်းပြည်ရဲ့ လုံခြုံ မှုကို အကာအကွယ်ပေးတဲ့ တပ်မတော်တစ်ရပ်ဖြစ်ဖို့ ဆိုတဲ့ဟာကို လိုအပ်နေတာပေါ့နော်။ ဆိုတော့ ဒါကြောင့် ကျနော်တို့ ဒီဟာလေးတွေ တောင်းဆိုတာ ဖြစ်ပါတယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးမှု ၆ နှစ် မြောက် ထုတ်ပြန်ချက် အနေဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

KNU ရဲ့ အဆိုပါ ထုတ်ပြန်ချက်ထဲတွင် စစ်တပ်၏ အာဏာသိမ်းယူမှု နောက်ဆက်တွဲအနေဖြင့် ပြည်သူတရပ်လုံး က ဖိနှိပ်မှုပေါင်းများစွာနှင့် ရင်ဆိုင်နေကြရပြီး လူမှုစီးပွားဒုက္ခပေါင်းများစွာကို ခါးစည်းရင်ဆိုင်ခံစားနေကြရ သည့်အတွက် နိုင်ငံသည်လည်း ပြိုလဲပျက်စီးလုနီးပါး ဖြစ်နေပြီဟု KNU က ဆက်ပြောသည်။

“အဲ့တော့ ဒီစစ်အာဏာသိမ်းယူမှုကြောင့်လည်း ကျနော်တို့ ပြည်သူလူထုတွေ တစ် တိုင်းတစ်ပြည်လုံး ဒုက္ခတွေ ရောက်ပြီးတော့ လူမှုစီးပွားပြဿနာနဲ့ ဒုက္ခပေါင်းပြဿနာများစွာကို ခါးစည်းရင် ဆိုင်နေရတဲ့ အနေအထား က တဆင့် ပျက်သုန်းပြိုလဲလုနီးနီးအနေအထားကို ရောက်နေတယ်ဆိုတာကိုလည်း ကျနော်တို့အားလုံး တွေ့မြင်ရ တာဖြစ်တာပေါ့” ဟု ပဒိုစောတာဒိုမူးက ဆက်ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းယူမှုကြောင့် NCA အခြေခံမူများအားလုံးအပေါ် ချိုးဖောက် မှု ဖြစ်ပေါ်စေကာ NCA အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်များ အားလုံးကို ရပ်တန့်စေပြီး တပ်မတော်သည် နိုင် ငံရေးပြဿနာကို အင်အားသုံး အဖြေရှာသည့် စစ်အာဏာရှင်စနစ်ကို ပြန်ရောက်ရှိသွားစေသည်ဟု KNU က ပြောသည်။

ပဒိုစောတာဒိုမူးက “စစ်အာဏာသိမ်းလိုက်တဲ့ကိစ္စကတော့ အကုန်လုံးကို ပြောင်းပြန်လှန်သွားစေတယ်။ NCA အကောင်အထည် ဖော်မှုတွေအကုန်လုံးကိုလည်း ရပ်ဆိုင်းသွားစေတယ်။ အဲ့ကြောင့် တဖက်မှာလည်း တပ်မ တော်အနေနဲ့ ပြဿနာ ကို နိုင်ငံရေးနည်းနဲ့ အဖြေမရှာပဲနဲ့ အင်အားသုံးအဖြေရှာတဲ့ စစ်အာဏာရှင်စနစ်ဘက်ကို ပြန်ရောက်သွားတယ် ဆိုတာကို ပြောချင်ပါတယ်” ဟု ဆက်ပြောသည်။

ထို့ကြောင့် စစ်အာဏာပြ အုပ်ချုပ်မှုကို အဆုံးသတ်နိုင်ရေး ကမ္ဘာ့ကုလသမဂ္ဂ မဏ္ဍိုင်ပြု နိုင်ငံတကာ စေ့စပ်ညှိ နှိုင်းပေးမှု လုပ်ငန်းစဉ်ကို သဘောတူလက်ခံရန်၊ ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဘက်ပေါင်းစုံမှ အဓိကကျသည့် ကိုယ်စားပြုမှုများ ပါဝင်သည့် ညီညွတ်ရေးအစိုးရတစ်ရပ်ကို ဖွဲ့စည်းကာ အာဏာလွှဲပြောင်းပြီး နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့သည့် ပြည်တွင်းနိုင်ငံရေးပဋိပက္ခများ၏ အရင်းအမြစ်ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန် KNU က တိုက်တွန်းထားသည်။

စစ်ကောင်စီအနေဖြင့် နိုင်ငံအနှံ့တွင် နေရာယူထားသည့် ရဲနှင့် စစ်တပ်များကို သက်ဆိုင်ရာ အခြေစိုက်စခန်းများ သို့ ပြန်လည်ရုပ်သိမ်းရန်၊ တနိုင်ငံလုံးကို အပစ်အခတ်ရပ်စဲကြောင်း ကြေညာရန် KNU က ထောက်ပြထားသည်။

ထို့အပြင် စစ်အာဏာသိမ်းယူပြီးနောက် ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းများအပါအဝင် ဖမ်းဆီးခံ ထားရသည့် ပုဂ္ဂိုလ်များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း KNU က တောင်းဆိုထား သည်။

ဓါတ်ပုံ – KNU

*** ZAWGYI ***
ႏိုင္ငံေရးမွ ႏႈတ္ထြက္ရန္ တပ္မေတာ္အား KNU ေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

စစ္တပ္အေနျဖင့္ ႏိုင္ငံေရးတြင္ ပါဝင္ေနမႈမွ ႏႈတ္ထြက္ေၾကာင္း ေၾကျငာရန္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU က ထုတ္ျပန္ေျပာဆို လိုက္သည္။

တပ္မေတာ္၏ ဂုဏ္သိကၡာက်ဆင္းမႈကို ကင္တင္သည့္ အေနျဖင့္ တပ္မေတာ္က ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံထူ ေထာင္ေရး ကတိကဝတ္ျပဳမႈကို တရားဝင္ေၾကျငာခ်က္ထုတ္ျပန္ရန္ႏွင့္ ႏိုင္ငံေရးမွာ ပါဝင္ေနမႈကေန ႏႈတ္ထြက္ ေၾကာင္း ေၾကျငာရန္ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU က ေျပာသည္။

KNU အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ပဒိုေစာတာဒိုမူးက “အဓိက ေျပာခ်င္တာကေတာ့ အခုျဖစ္ပြားေနတဲ့ ျပ ႆနာေတြ အကုန္လုံးရဲ႕ အရင္းအျမစ္ကေတာ့ တပ္မေတာ္ ကေန ႏိုင္ငံေရးထဲမွာ ဝင္စြက္ဖက္ေနတဲ့ အတြက္ ေၾကာင့္ အဓိကေတာ့ သူတို႔ ႏိုင္ငံေရးကေန ထြက္တယ္၊ တကယ့္ ပေရာ္ဖက္ရွင္နယ္ အာမီလို႔ ပုံစံမ်ိဳးနဲ႔ တပ္မ ေတာ္ကေန ႏိုင္ငံေရးကေန ကင္းကင္းကြာကြာနဲ႔ တကယ့္ျပည္သူလူ ထုကို ကာကြယ္ေပးတဲ့ တိုင္းျပည္ရဲ႕ လုံၿခဳံ မႈကို အကာအကြယ္ေပးတဲ့ တပ္မေတာ္တစ္ရပ္ျဖစ္ဖို႔ ဆိုတဲ့ဟာကို လိုအပ္ေနတာေပါ့ေနာ္။ ဆိုေတာ့ ဒါေၾကာင့္ က်ေနာ္တို႔ ဒီဟာေလးေတြ ေတာင္းဆိုတာ ျဖစ္ပါတယ္” ဟု ေျပာသည္။

တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA လက္မွတ္ထိုးမႈ ၆ ႏွစ္ ေျမာက္ ထုတ္ျပန္ခ်က္ အေနျဖင့္ ေအာက္တိုဘာလ ၁၅ ရက္ေန႔က ထုတ္ျပန္ေျပာဆိုလိုက္ျခင္း ျဖစ္သည္။

KNU ရဲ႕ အဆိုပါ ထုတ္ျပန္ခ်က္ထဲတြင္ စစ္တပ္၏ အာဏာသိမ္းယူမႈ ေနာက္ဆက္တြဲအေနျဖင့္ ျပည္သူတရပ္လုံး က ဖိႏွိပ္မႈေပါင္းမ်ားစြာႏွင့္ ရင္ဆိုင္ေနၾကရၿပီး လူမႈစီးပြားဒုကၡေပါင္းမ်ားစြာကို ခါးစည္းရင္ဆိုင္ခံစားေနၾကရ သည့္အတြက္ ႏိုင္ငံသည္လည္း ၿပိဳလဲပ်က္စီးလုနီးပါး ျဖစ္ေနၿပီဟု KNU က ဆက္ေျပာသည္။

“အဲ့ေတာ့ ဒီစစ္အာဏာသိမ္းယူမႈေၾကာင့္လည္း က်ေနာ္တို႔ ျပည္သူလူထုေတြ တစ္ တိုင္းတစ္ျပည္လုံး ဒုကၡေတြ ေရာက္ၿပီးေတာ့ လူမႈစီးပြားျပႆနာနဲ႔ ဒုကၡေပါင္းျပႆနာမ်ားစြာကို ခါးစည္းရင္ ဆိုင္ေနရတဲ့ အေနအထား က တဆင့္ ပ်က္သုန္းၿပိဳလဲလုနီးနီးအေနအထားကို ေရာက္ေနတယ္ဆိုတာကိုလည္း က်ေနာ္တို႔အားလုံး ေတြ႕ျမင္ရ တာျဖစ္တာေပါ့” ဟု ပဒိုေစာတာဒိုမူးက ဆက္ေျပာသည္။

၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းယူမႈေၾကာင့္ NCA အေျခခံမူမ်ားအားလုံးအေပၚ ခ်ိဳးေဖာက္ မႈ ျဖစ္ေပၚေစကာ NCA အေကာင္အထည္ေဖာ္မႈလုပ္ငန္းစဥ္မ်ား အားလုံးကို ရပ္တန႔္ေစၿပီး တပ္မေတာ္သည္ ႏိုင္ ငံေရးျပႆနာကို အင္အားသုံး အေျဖရွာသည့္ စစ္အာဏာရွင္စနစ္ကို ျပန္ေရာက္ရွိသြားေစသည္ဟု KNU က ေျပာသည္။

ပဒိုေစာတာဒိုမူးက “စစ္အာဏာသိမ္းလိုက္တဲ့ကိစၥကေတာ့ အကုန္လုံးကို ေျပာင္းျပန္လွန္သြားေစတယ္။ NCA အေကာင္အထည္ ေဖာ္မႈေတြအကုန္လုံးကိုလည္း ရပ္ဆိုင္းသြားေစတယ္။ အဲ့ေၾကာင့္ တဖက္မွာလည္း တပ္မ ေတာ္အေနနဲ႔ ျပႆနာ ကို ႏိုင္ငံေရးနည္းနဲ႔ အေျဖမရွာပဲနဲ႔ အင္အားသုံးအေျဖရွာတဲ့ စစ္အာဏာရွင္စနစ္ဘက္ကို ျပန္ေရာက္သြားတယ္ ဆိုတာကို ေျပာခ်င္ပါတယ္” ဟု ဆက္ေျပာသည္။

ထို႔ေၾကာင့္ စစ္အာဏာျပ အုပ္ခ်ဳပ္မႈကို အဆုံးသတ္ႏိုင္ေရး ကမာၻ႔ကုလသမဂၢ မ႑ိဳင္ျပဳ ႏိုင္ငံတကာ ေစ့စပ္ညႇိ ႏႈိင္းေပးမႈ လုပ္ငန္းစဥ္ကို သေဘာတူလက္ခံရန္၊ ညႇိႏႈိင္းေဆြးေႏြးျခင္းႏွင့္ ဘက္ေပါင္းစုံမွ အဓိကက်သည့္ ကိုယ္စားျပဳမႈမ်ား ပါဝင္သည့္ ညီၫြတ္ေရးအစိုးရတစ္ရပ္ကို ဖြဲ႕စည္းကာ အာဏာလႊဲေျပာင္းၿပီး ႏွစ္ေပါင္း ၇၀ ေက်ာ္ ၾကာခဲ့သည့္ ျပည္တြင္းႏိုင္ငံေရးပဋိပကၡမ်ား၏ အရင္းအျမစ္ျပႆနာမ်ားကို ညႇိႏႈိင္းေျဖရွင္းရန္ KNU က တိုက္တြန္းထားသည္။

စစ္ေကာင္စီအေနျဖင့္ ႏိုင္ငံအႏွံ႔တြင္ ေနရာယူထားသည့္ ရဲႏွင့္ စစ္တပ္မ်ားကို သက္ဆိုင္ရာ အေျခစိုက္စခန္းမ်ား သို႔ ျပန္လည္႐ုပ္သိမ္းရန္၊ တႏိုင္ငံလုံးကို အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာရန္ KNU က ေထာက္ျပထားသည္။

ထို႔အျပင္ စစ္အာဏာသိမ္းယူၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းထားသည့္ ႏိုင္ငံေရးေခါင္းမ်ားအပါအဝင္ ဖမ္းဆီးခံ ထားရသည့္ ပုဂၢိဳလ္မ်ား အားလုံးကို ႁခြင္းခ်က္မရွိ အျမန္ဆုံးျပန္လႊတ္ေပးရန္လည္း KNU က ေတာင္းဆိုထား သည္။

ဓါတ္ပုံ – KNU