နိုင်ငံတကာ ဖိအားကြောင့် ထိန်းသိမ်းသူများကို လွှတ်ပေးခြင်းဖြစ်ဟု နိုင်ငံရေး လေ့လာသူအချို့ သုံးသပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ခဲ့သည့်အတွက် ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသား ၅၆၃၆ ဦးကို အောက်တိုဘာ ၁၈ ရက်နေ့တွင် ခံဝန်ဖြင့်ပြန်လွှတ်ကြောင်း စစ်ကောင်စီကထုတ်ပြန်လိုက်ခြင်းသည် နိုင်ငံတကာ၏ ဖိအားကြောင့်သာ ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူအချို့နှင့် တရားလွှတ်တော်ရှေ့များက ပြောသည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ပိုင် မြဝတီမီဒီယာက တစ်ဆင့် ပြောကြားခဲ့ သည့် မိန့်ခွန်းတွင် သီတင်းကျွတ်ကာလ ကုသိုလ်များ လုပ်နိုင်ရန် လူသားချင်းစာနာမှု အထိမ်းအမှတ်အနေဖြင့် လွှတ်ပေးခြင်းဖြစ်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။ သို့သော်လည်း အမှန်တကယ်မှာ နိုင်ငံတကာ၏ ဖိအားကြောင့်ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးက ပြောသည်။

“ပြောရမယ်ဆို နိုင်ငံတကာဖိအားပေါ့နော်။ အာဆီယံကနေ နစက ကို ကျင်လိုက်တဲ့ သဘောဖြစ်သွားတော့ ဒါ ဟာ နစက အတွက် အင်မတန်ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်သွားတာပေါ့။ အဲ့ဒီတော့ ဒါကို ပြန်ကုစားနိုင်ဖို့ နိုင်ငံရေး လမ်းကြောင်းပေါ်ပြန်လျှောက်တဲ့သဘောပါ” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦး က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီး ထောင်ချခံထားရသူ ၁၃၁၆ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး တရားဆွဲဆိုခံထားရသူ ၄၃၂၀ ဦးကိုလည်း အမှုရုတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူအချို့အား အမှုလိုက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေတစ်ဦးကလည်း “သူတို့ဖမ်းထားတာ ၈၀၀၀ ကျော်လောက်ရှိတယ်။ သူတို့ လူတစ်ယောက်ထဲကို ပုဒ်မ အမျိုးမျိုးနဲ့ ဆွဲထားတာ ဆိုတော့ ၃၀၀၀ ကျော် လောက်က ကျန်ခဲ့မယ့် သဘောရှိတယ်” ဟု ပြောသည်။

စစ်ကောင်စီကပြန်လည်လွှတ်ပေးခဲ့သူများထဲတွင် အနုပညာရှင်အချို့ အပြင် သတင်းသမားများဖြစ်ကြသည့် မသင်းသင်းအောင်၊ ကိုဂျိမ်း၊ ကိုအောင်ကျော်တို့ အပါအဝင် သတင်းမီဒီယာသမားအယောက် ၅၀ ပါဝင်သည်ဟု သိရသည်။

“မီဒီယာသမားဆိုတာ နိုင်ငံကို ပုန်ကန်နေတာ မဟုတ်ဘူး။ သူတို့အနေနဲ့တော့ မီဒီယာသမားတွေ အပေါ် ရန်သူ ကြီးသဖွယ် သတ်မှတ်ပြီး ဖမ်းဆီးနှိမ်နှင်းတယ်။ အကြောက်တရားတွေထည့်တယ်။ ဒါတွေက အစောကြီးက တည်းက လုပ်သင့်တဲ့ အရာမှ မဟုတ်တာ” ဟု ရန်ကုန်မြို့ အခြေစိုက်သတင်းသမားတစ်ဦး က ပြောသည်။

ပြစ်ဒဏ်ကျခံပြီးသူ နိုင်ငံရေးအကျဉ်းသားများ အနေဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ အပိုဒ်ခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျန်ရှိနေသည့်ပြစ် ဒဏ်များကိုပါ ကျခံရ မည်ဆိုသည့် ခံဝန်များဖြင့် လွတ်ငြိမ်းချမ်းသာခွင်ပြုခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းဖော်ပြ ထားသည်။

စစ်ကောင်စီက ယနေ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးနေသော်လည်း ပြန်လည်ဖမ်းဆီးခံရသူ အချို့လည်း ရှိနေသည်ဟု သိရသည်။

သာစည်မြို့နယ်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဒေါ်လေးလေးနိုင်ကို ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပြီးနောက် ယနေ့ပြန်လွှတ်ပေးလိုက်ပြီးနောက် လွှတ်ပြီးပြီးချင်းတွင်ပင် ပုဒ်မ ၁၇ (၁) ကျန်ရှိနေသေးသည်ဟုဆိုကာ ဆက်လက်ဖမ်းဆီးသွားသည်ဟု ၎င်းနှင့် နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များနှင့် စပ်လျဉ်းပြီး တရားရုံး အသီးသီးတွင် ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ ဖမ်းဆီးထားသူ ၁၀၀ ကျော်ကို စစ်ကောင်စီက ပြန် လွှတ်ပေးခဲ့သည်။

*** ZAWGYI ***
ႏိုင္ငံတကာ ဖိအားေၾကာင့္ ထိန္းသိမ္းသူမ်ားကို လႊတ္ေပးျခင္းျဖစ္ဟု ႏိုင္ငံေရး ေလ့လာသူအခ်ိဳ႕ သုံးသပ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

အာဏာသိမ္းမႈအေပၚ ဆန႔္က်င္ခဲ့သည့္အတြက္ ဖမ္းဆီးခံထားရေသာ ႏိုင္ငံေရး အက်ဥ္းသား ၅၆၃၆ ဦးကို ေအာက္တိုဘာ ၁၈ ရက္ေန႔တြင္ ခံဝန္ျဖင့္ျပန္လႊတ္ေၾကာင္း စစ္ေကာင္စီကထုတ္ျပန္လိုက္ျခင္းသည္ ႏိုင္ငံတကာ၏ ဖိအားေၾကာင့္သာ ျဖစ္သည္ဟု ႏိုင္ငံေရးေလ့လာသူအခ်ိဳ႕ႏွင့္ တရားလႊတ္ေတာ္ေရွ႕မ်ားက ေျပာသည္။

စစ္ေကာင္စီ ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စစ္တပ္ပိုင္ ျမဝတီမီဒီယာက တစ္ဆင့္ ေျပာၾကားခဲ့ သည့္ မိန႔္ခြန္းတြင္ သီတင္းကြၽတ္ကာလ ကုသိုလ္မ်ား လုပ္ႏိုင္ရန္ လူသားခ်င္းစာနာမႈ အထိမ္းအမွတ္အေနျဖင့္ လႊတ္ေပးျခင္းျဖစ္သည္ဟု ထည့္သြင္း ေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း အမွန္တကယ္မွာ ႏိုင္ငံတကာ၏ ဖိအားေၾကာင့္ဟု တရားလႊတ္ေတာ္ေရွ႕ေန တစ္ဦးက ေျပာသည္။

“ေျပာရမယ္ဆို ႏိုင္ငံတကာဖိအားေပါ့ေနာ္။ အာဆီယံကေန နစက ကို က်င္လိုက္တဲ့ သေဘာျဖစ္သြားေတာ့ ဒါ ဟာ နစက အတြက္ အင္မတန္ျပင္းထန္တဲ့ ထိုးႏွက္ခ်က္ျဖစ္သြားတာေပါ့။ အဲ့ဒီေတာ့ ဒါကို ျပန္ကုစားႏိုင္ဖို႔ ႏိုင္ငံေရး လမ္းေၾကာင္းေပၚျပန္ေလွ်ာက္တဲ့သေဘာပါ” ဟု တရားလႊတ္ေတာ္ ေရွ႕ေနတစ္ဦး က ေျပာသည္။

အာဏာသိမ္း စစ္ေကာင္စီကို ဆန႔္က်င္ဆႏၵထုတ္ေဖာ္ရင္း ဖမ္းဆီး ေထာင္ခ်ခံထားရသူ ၁၃၁၆ ဦးကို လြတ္ၿငိမ္း ခ်မ္းသာခြင့္ေပးၿပီး တရားဆြဲဆိုခံထားရသူ ၄၃၂၀ ဦးကိုလည္း အမႈ႐ုတ္သိမ္းလိုက္ေၾကာင္း စစ္ေကာင္စီက ေၾကညာခဲ့ျခင္းျဖစ္သည္။

ဖမ္းဆီးခံရသူအခ်ိဳ႕အား အမႈလိုက္ေပးေနသည့္ တရားလႊတ္ေတာ္ ေရွ႕ေနတစ္ဦးကလည္း “သူတို႔ဖမ္းထားတာ ၈၀၀၀ ေက်ာ္ေလာက္ရွိတယ္။ သူတို႔ လူတစ္ေယာက္ထဲကို ပုဒ္မ အမ်ိဳးမ်ိဳးနဲ႔ ဆြဲထားတာ ဆိုေတာ့ ၃၀၀၀ ေက်ာ္ ေလာက္က က်န္ခဲ့မယ့္ သေဘာရွိတယ္” ဟု ေျပာသည္။

စစ္ေကာင္စီကျပန္လည္လႊတ္ေပးခဲ့သူမ်ားထဲတြင္ အႏုပညာရွင္အခ်ိဳ႕ အျပင္ သတင္းသမားမ်ားျဖစ္ၾကသည့္ မသင္းသင္းေအာင္၊ ကိုဂ်ိမ္း၊ ကိုေအာင္ေက်ာ္တို႔ အပါအဝင္ သတင္းမီဒီယာသမားအေယာက္ ၅၀ ပါဝင္သည္ဟု သိရသည္။

“မီဒီယာသမားဆိုတာ ႏိုင္ငံကို ပုန္ကန္ေနတာ မဟုတ္ဘူး။ သူတို႔အေနနဲ႔ေတာ့ မီဒီယာသမားေတြ အေပၚ ရန္သူ ႀကီးသဖြယ္ သတ္မွတ္ၿပီး ဖမ္းဆီးႏွိမ္ႏွင္းတယ္။ အေၾကာက္တရားေတြထည့္တယ္။ ဒါေတြက အေစာႀကီးက တည္းက လုပ္သင့္တဲ့ အရာမွ မဟုတ္တာ” ဟု ရန္ကုန္ၿမိဳ႕ အေျခစိုက္သတင္းသမားတစ္ဦး က ေျပာသည္။

ျပစ္ဒဏ္က်ခံၿပီးသူ ႏိုင္ငံေရးအက်ဥ္းသားမ်ား အေနျဖင့္ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၄၀၁ အပိုဒ္ခြဲ(၁)အရ ေနာက္တစ္ႀကိမ္ ျပစ္မႈ ထပ္မံက်ဴးလြန္ပါက ၎ျပစ္ဒဏ္အျပင္ ယခုက်န္ရွိေနသည့္ျပစ္ ဒဏ္မ်ားကိုပါ က်ခံရ မည္ဆိုသည့္ ခံဝန္မ်ားျဖင့္ လြတ္ၿငိမ္းခ်မ္းသာခြင္ျပဳခဲ့ျခင္း ျဖစ္သည္ဟု စစ္ေကာင္စီ၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းေဖာ္ျပ ထားသည္။

စစ္ေကာင္စီက ယေန႔ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူမ်ားကို ျပန္လႊတ္ေပးေနေသာ္လည္း ျပန္လည္ဖမ္းဆီးခံရသူ အခ်ိဳ႕လည္း ရွိေနသည္ဟု သိရသည္။

သာစည္ၿမိဳ႕နယ္က ၈၈ မ်ိဳးဆက္ ၿငိမ္းခ်မ္းေရးႏွင့္ပြင့္လင္းလူ႔အဖြဲ႕အစည္း မွ ေဒၚေလးေလးႏိုင္ကို ပုဒ္မ ၅၀၅(က) ျဖင့္ ဖမ္းဆီးၿပီး ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခဲ့ၿပီးေနာက္ ယေန႔ျပန္လႊတ္ေပးလိုက္ၿပီးေနာက္ လႊတ္ၿပီးၿပီးခ်င္းတြင္ပင္ ပုဒ္မ ၁၇ (၁) က်န္ရွိေနေသးသည္ဟုဆိုကာ ဆက္လက္ဖမ္းဆီးသြားသည္ဟု ၎ႏွင့္ နီးစပ္သူမ်ားက ေျပာသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာ ၁၅ ရက္ေန႔ကလည္း တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕မ်ားႏွင့္ စပ္လ်ဥ္းၿပီး တရား႐ုံး အသီးသီးတြင္ ၾကားနာစစ္ေဆးဆဲ အမႈမ်ားကို ပိတ္သိမ္း၍ ဖမ္းဆီးထားသူ ၁၀၀ ေက်ာ္ကို စစ္ေကာင္စီက ျပန္ လႊတ္ေပးခဲ့သည္။