မြစ်ကြီးနားမှ သတင်းသမားများ မလွတ်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

စစ်ကောင်စီက မြစ်ကြီးနားအကျဉ်းထောင်မှ ယနေ့ ပြန်လွှတ်ပေးလိုက်သူများထဲတွင် သတင်းသမားများ ပါဝင်ခြင်း မရှိသေးကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး က ပြောသည်။

စစ်တပ်၏ အာဏာသိမ်းခြင်းကို လက်မခံဘဲ ရှေ့ဆုံးက ဆန္ဒပြခဲ့သူ မန္တလေးကျောင်းတိုက်က ဆရာတော် ဦးပညာ ဝံသ အပါအဝင် အကျဉ်းသူ/သား ၂၉ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ (ယနေ့) တွင် မြစ်ကြီးနား အကျဉ်း ထောင်မှ ပြန်လွတ်ပေးခဲ့ခြင်းသော်လည်း ၎င်းတို့ထဲတွင် သတင်းသမားများ မပါသေးဘူးဟု မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးမှူး က ပြောသည်။

မြစ်ကြီးနား ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးက “ဒီနေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ပါဝင်တဲ့ ဆန္ဒပြတဲ့ သူတွေကို လွတ်ပေးတာ။ မနက်ဖြန် ဆက်လွတ် မလားတော့ ကျနော်တို့ မသိရသေးဘူး။ သတင်းထောက် တွေ ကတော့ ဒီနေ့လွတ်တဲ့ အဖွဲ့မှာတော့ မပါဘူး။ မနက် ဖြန်ကတော့ မနက်ဖြန် အမိန့်ထွက်လာမှပဲ ကျနော်တို့ သိ လို့ရမယ်” ဟု ပြောသည်။

မြစ်ကြီးနားထောင်တွင်ကျန်ရှိနေသည့် သတင်းသမားများမှာ မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် မမျိုးမြတ်မြတ်ပန်၊ ကိုအဂျဲ၊ ခရစ္စတိုဖာ၊ The 74 media က သတင်းထောက် မချန်ဘူ၊ Kachin Wave သတင်းဌာန က ကိုလရော် တို့ ဖြစ်ကြသည်။

စစ်ကောင်စီက လူသားချင်း စာနာထောက်ထားခြင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသူ/သား များ ကို အောက်တိုဘာလ ၁၈ရက်နေ့က လွတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝှမ်း ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ/သားပေါင်း ၁၃၁၆ ဦး တို့ကို နောက်တစ်ကြိမ်ပြစ်မှု ကျူး လွန်ပါက ပြစ်ဒဏ်တစ်ပေါင်းတည်းကျခံစေရန်နှင့် ကြားနာစစ်ဆေးဆဲ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦး တို့ကို အမှုပိတ်သိမ်းပြန်လွတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ လွှတ်ပေးနေခြင်း ဖြစ်သည်။

မြစ်ကြီးနား အကျဉ်းဦးစီးဌာနက ဧပြီလ ၁၇ရက် (နှစ်ဆန်း၁ရက်နေ့) ကလည်း အကျဉ်းသူ/သား ပေါင်း ၅၀၅ ယောက် နှင့် ဇွန်လ ၃၀ ရက်နေ့က အကျဉ်းသူ/သား ပေါင်း ၁၄၀ ခန့်ကို လွတ်ငြိမ်း သက်သာ ခွင့်ပေးခဲ့သည်။

*** ZAWGYI ***
ျမစ္ႀကီးနားမွ သတင္းသမားမ်ား မလြတ္ေသး

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

စစ္ေကာင္စီက ျမစ္ႀကီးနားအက်ဥ္းေထာင္မွ ယေန႔ ျပန္လႊတ္ေပးလိုက္သူမ်ားထဲတြင္ သတင္းသမားမ်ား ပါဝင္ျခင္း မရွိေသးေၾကာင္း ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး က ေျပာသည္။

စစ္တပ္၏ အာဏာသိမ္းျခင္းကို လက္မခံဘဲ ေရွ႕ဆုံးက ဆႏၵျပခဲ့သူ မႏၲေလးေက်ာင္းတိုက္က ဆရာေတာ္ ဦးပညာ ဝံသ အပါအဝင္ အက်ဥ္းသူ/သား ၂၉ ဦးကို ေအာက္တိုဘာလ ၁၈ ရက္ေန႔ (ယေန႔) တြင္ ျမစ္ႀကီးနား အက်ဥ္း ေထာင္မွ ျပန္လြတ္ေပးခဲ့ျခင္းေသာ္လည္း ၎တို႔ထဲတြင္ သတင္းသမားမ်ား မပါေသးဘူးဟု ျမစ္ႀကီးနား ခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး က ေျပာသည္။

ျမစ္ႀကီးနား ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးေခါင္လန္ဒီးက “ဒီေန႔က လြတ္ၿငိမ္းခ်မ္းသာခြင့္ အမိန႔္အရ ပါဝင္တဲ့ ဆႏၵျပတဲ့ သူေတြကို လြတ္ေပးတာ။ မနက္ျဖန္ ဆက္လြတ္ မလားေတာ့ က်ေနာ္တို႔ မသိရေသးဘူး။ သတင္းေထာက္ ေတြ ကေတာ့ ဒီေန႔လြတ္တဲ့ အဖြဲ႕မွာေတာ့ မပါဘူး။ မနက္ ျဖန္ကေတာ့ မနက္ျဖန္ အမိန႔္ထြက္လာမွပဲ က်ေနာ္တို႔ သိ လို႔ရမယ္” ဟု ေျပာသည္။

ျမစ္ႀကီးနားေထာင္တြင္က်န္ရွိေနသည့္ သတင္းသမားမ်ားမွာ ျမစ္ႀကီးနားသတင္းဂ်ာနယ္က သတင္းေထာက္ မမ်ိဳးျမတ္ျမတ္ပန္၊ ကိုအဂ်ဲ၊ ခရစၥတိုဖာ၊ The 74 media က သတင္းေထာက္ မခ်န္ဘူ၊ Kachin Wave သတင္းဌာန က ကိုလေရာ္ တို႔ ျဖစ္ၾကသည္။

စစ္ေကာင္စီက လူသားခ်င္း စာနာေထာက္ထားျခင္း၊ ျပည္သူလူထု ႏွလုံးစိတ္ဝမ္း ေအးခ်မ္းေစရန္ႏွင့္ ႏိုင္ငံေတာ္ တည္ေဆာက္ေရးတြင္ ပါဝင္ႏိုင္ေစရန္ ျမန္မာတစ္ႏိုင္ငံလုံးရွိ အက်ဥ္းေထာင္မ်ားမွ အက်ဥ္းသူ/သား မ်ား ကို ေအာက္တိုဘာလ ၁၈ရက္ေန႔က လြတ္ေပးခဲ့ျခင္း ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံတဝွမ္း ျပစ္ဒဏ္က်ခံေနရသည့္ အက်ဥ္းသူ/သားေပါင္း ၁၃၁၆ ဦး တို႔ကို ေနာက္တစ္ႀကိမ္ျပစ္မႈ က်ဴး လြန္ပါက ျပစ္ဒဏ္တစ္ေပါင္းတည္းက်ခံေစရန္ႏွင့္ ၾကားနာစစ္ေဆးဆဲ အမႈရင္ဆိုင္ေနရသူ ၄၃၂၀ ဦး တို႔ကို အမႈပိတ္သိမ္းျပန္လြတ္ေပးခဲ့ျခင္း ျဖစ္သည္ဟု စစ္ေကာင္စီက ထုတ္ျပန္ၿပီးေနာက္ ယခုကဲ့သို႔ လႊတ္ေပးေနျခင္း ျဖစ္သည္။

ျမစ္ႀကီးနား အက်ဥ္းဦးစီးဌာနက ဧၿပီလ ၁၇ရက္ (ႏွစ္ဆန္း၁ရက္ေန႔) ကလည္း အက်ဥ္းသူ/သား ေပါင္း ၅၀၅ ေယာက္ ႏွင့္ ဇြန္လ ၃၀ ရက္ေန႔က အက်ဥ္းသူ/သား ေပါင္း ၁၄၀ ခန႔္ကို လြတ္ၿငိမ္း သက္သာ ခြင့္ေပးခဲ့သည္။