ထားဝယ် ခရိုင်အတွင်း အရံမီးသတ် တပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။

ထားဝယ်ခရိုင် အတွင်း အရံမီးသတ်တပ်ဖွဲ့ဝင် တစ်ဦးကို အောက်တိုဘာ ၂၆ ရက် ည ၁၂ နာရီ အချိန်ခန့်တွင် သေနတ်သမားတစ်ဦးက ပစ်သတ်သွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ပစ်သတ်ခံရသူမှာ ဦးစိုးစိုး သည် သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ဝင်းကဖော်ကျေးရွာ က အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေး ကောက်ပွဲတွင်လည်း အထူးရဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

နေအိမ်တွင်ရှိနေသည့် ဦးစိုးစိုးကို အမည်မသိ အဖွဲ့အစည်းတစ်ခုက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဝင်းကဖော်ကျေးရွာက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး က “ ဒိုင်း ဆိုတဲ့ အသံ တစ်ချက်ပဲ ကြားတယ်။ အိမ်ပေါ်မှာ တက်ပစ် သွားတာ။ သူ့မိန်းမနဲ့ ကလေးတွေ အော်ငိုသံ ကြားမှ စိုးစိုးသေသွားပြီဆိုပြီး ရွာသားတွေ သိကြတာ” ဟု ပြောသည်။

ပစ်သတ်ခံရသူ ရွေးကောက်ပွဲ အထူးရဲ ဦးစိုးစိုးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တရင်းတနှီးရှိပြီး ရံဖန်ရံခါ ကားမောင်းလိုက်ပို့ ပေးလေ့ရှိကာ စစ်ကောင်စီက ဖမ်းဆီးထားသူများကို စစ်ဆေးရာတွင်လည်း အမြဲ ပါဝင်လေ့ ရှိသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

အထူးရဲဆိုသည်မှာ ရွေးကောက်ပွဲကျင်းပချိန် မဲရုံများတွင် လုံခြုံရေးတာဝန်ယူရန်အတွက် သီးခြားရွေးချယ် လေ့ ကျင့်ပေးခံထားသူများဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခွင့်မရှိပေ။

အထူးရဲအတွက် ခေါ်ယူလေ့ကျင့်ပေးခံရသူအများစုမှာ အရပ်သားများသာဖြစ်ကြပြီး မြို့နယ်အလိုက်ရှိနေကြ သည့် ကြက်ခြေနီ၊ အရန်မီးသတ်၊ စစ်မှုထမ်းဟောင်း၊ ရပ်ကွက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များတွင် လုပ်ကိုင်ဖူးသူ များ ဖြစ်ကြသည်။

ဦးစိုးစိုး ပစ်သတ်ခံရပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ကျေးရွာထဲက လူမရှိသည့် နေအိမ်တစ်အိမ်ကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ အိမ်အတွင်းသို့ လက်ပစ်ဗုံးဖြင့်ပါ ဖေါက်ခွဲခြင်းများ ပြုလုပ်ခဲ့သည် ဟု ရွာသားများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်ရွာလုံး မီးရှို့ပစ်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့သဖြင့် ရွာသားအချို့က စိုးရိမ်ထိတ်လန့်ပြီး နေအိမ်မှစွန့်ခွာ ရှောင်တိမ်းနေကြသည်များလည်း ရှိနေသည်ဟု ရွာသားများကပြောသည်။

တောင်ပျောက်တိုက်နယ်သည် ထားဝယ်ခရိုင်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံ PDF တပ်ဖွဲ့ဝင်များ တိုက်ပွဲ ငါးကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည့် နယ်မြေတစ်ခုဖြစ်သည်။

*** ZAWGYI ***
ထားဝယ္ ခ႐ိုင္အတြင္း အရံမီးသတ္ တပ္ဖြဲ႕ဝင္တစ္ဦး ပစ္သတ္ခံရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၂၈ ရက္။

ထားဝယ္ခ႐ိုင္ အတြင္း အရံမီးသတ္တပ္ဖြဲ႕ဝင္ တစ္ဦးကို ေအာက္တိုဘာ ၂၆ ရက္ ည ၁၂ နာရီ အခ်ိန္ခန႔္တြင္ ေသနတ္သမားတစ္ဦးက ပစ္သတ္သြားခဲ့သည္ဟု ေဒသခံမ်ား က ေျပာသည္။

ပစ္သတ္ခံရသူမွာ ဦးစိုးစိုး သည္ သရက္ေခ်ာင္းၿမိဳ႕နယ္၊ ေတာင္ေပ်ာက္တိုက္နယ္ ဝင္းကေဖာ္ေက်း႐ြာ က အရန္မီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး ၂၀၂၀ ေ႐ြး ေကာက္ပြဲတြင္လည္း အထူးရဲအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

ေနအိမ္တြင္ရွိေနသည့္ ဦးစိုးစိုးကို အမည္မသိ အဖြဲ႕အစည္းတစ္ခုက ပစ္ခတ္သြားျခင္းျဖစ္သည္ဟု ေဒသခံမ်ားက ေျပာသည္။

ဝင္းကေဖာ္ေက်း႐ြာက အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီးတစ္ဦး က “ ဒိုင္း ဆိုတဲ့ အသံ တစ္ခ်က္ပဲ ၾကားတယ္။ အိမ္ေပၚမွာ တက္ပစ္ သြားတာ။ သူ႔မိန္းမနဲ႔ ကေလးေတြ ေအာ္ငိုသံ ၾကားမွ စိုးစိုးေသသြားၿပီဆိုၿပီး ႐ြာသားေတြ သိၾကတာ” ဟု ေျပာသည္။

ပစ္သတ္ခံရသူ ေ႐ြးေကာက္ပြဲ အထူးရဲ ဦးစိုးစိုးသည္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ တရင္းတႏွီးရွိၿပီး ရံဖန္ရံခါ ကားေမာင္းလိုက္ပို႔ ေပးေလ့ရွိကာ စစ္ေကာင္စီက ဖမ္းဆီးထားသူမ်ားကို စစ္ေဆးရာတြင္လည္း အၿမဲ ပါဝင္ေလ့ ရွိသည္ဟု ေဒသခံ ႐ြာသားမ်ားက ေျပာသည္။

အထူးရဲဆိုသည္မွာ ေ႐ြးေကာက္ပြဲက်င္းပခ်ိန္ မဲ႐ုံမ်ားတြင္ လုံၿခဳံေရးတာဝန္ယူရန္အတြက္ သီးျခားေ႐ြးခ်ယ္ ေလ့ က်င့္ေပးခံထားသူမ်ားျဖစ္ၿပီး မည္သူတစ္ဦးတစ္ေယာက္ကိုမွ ဖမ္းဆီးခြင့္မရွိေပ။

အထူးရဲအတြက္ ေခၚယူေလ့က်င့္ေပးခံရသူအမ်ားစုမွာ အရပ္သားမ်ားသာျဖစ္ၾကၿပီး ၿမိဳ႕နယ္အလိုက္ရွိေနၾက သည့္ ၾကက္ေျခနီ၊ အရန္မီးသတ္၊ စစ္မႈထမ္းေဟာင္း၊ ရပ္ကြက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားတြင္ လုပ္ကိုင္ဖူးသူ မ်ား ျဖစ္ၾကသည္။

ဦးစိုးစိုး ပစ္သတ္ခံရၿပီး ေနာက္ပိုင္းတြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာကာ ေက်း႐ြာထဲက လူမရွိသည့္ ေနအိမ္တစ္အိမ္ကို ေသနတ္ျဖင့္ပစ္ခတ္ျခင္း၊ အိမ္အတြင္းသို႔ လက္ပစ္ဗုံးျဖင့္ပါ ေဖါက္ခြဲျခင္းမ်ား ျပဳလုပ္ခဲ့သည္ ဟု ႐ြာသားမ်ားက ေျပာသည္။

ထို႔အျပင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက တစ္႐ြာလုံး မီးရႈိ႕ပစ္မည္ဟု ေျပာဆိုၿခိမ္းေျခာက္ခဲ့သျဖင့္ ႐ြာသားအခ်ိဳ႕က စိုးရိမ္ထိတ္လန႔္ၿပီး ေနအိမ္မွစြန႔္ခြာ ေရွာင္တိမ္းေနၾကသည္မ်ားလည္း ရွိေနသည္ဟု ႐ြာသားမ်ားကေျပာသည္။

ေတာင္ေပ်ာက္တိုက္နယ္သည္ ထားဝယ္ခ႐ိုင္တြင္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံ PDF တပ္ဖြဲ႕ဝင္မ်ား တိုက္ပြဲ ငါးႀကိမ္ထက္ မနည္း ျဖစ္ပြားခဲ့သည့္ နယ္ေျမတစ္ခုျဖစ္သည္။