အထက်တန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်၊ မပေါက်ကွဲသေးသော ဗုံးများတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်။

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်း အထက်တန်းကျောင်း တစ်ကျောင်းတွင် နိုဝင်ဘာ ၄ ရက်နေ့က ပေါက်ကွဲမှု တစ်ခု ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကန်ကြီးထောင် မြို့နယ် “ရွေး” ကျေးရွာရှိ အခြေခံပညာ အထက်ကျောင်းတွင် အဆိုပါနေ့ ည ၇ နာရီခွဲကျော် တွင် ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က ည ၈ နာရီကျော် အချိန်ခန့်တွင် ရောက်လာပြီး စာသင်ကျောင်းကို ထပ်မံ စစ်ဆေးခဲ့သည်ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့က ပြောသည်။

“စစ်တပ်က ဝင်ရှင်းတော့ မပေါက်သေးတဲ့ ဗုံးထပ်တွေ့တယ်လို့ပြောတယ်။ ကျောင်းသားတွေ မရှိတဲ့ အချိန် ပေါက်လို့တော်သေးတယ်” ဟု အုပ်ချုပ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် ကျောင်းဝန်းအတွင်းရှိ ဆရာ/ဆရာမနားနေခန်း မီးလောင်သွားသည်ဟု ဒေသခံများက ပြော သည်။

ဧရာဝတီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦများ နှင့် ပြည်သူပိုင်နေအိမ်များကို ထိခိုက်အောင် လုပ်ဆောင်မည် မဟုတ်ကြောင်း ကျောင်းများ ပြန်မဖွင့်မှီက ကြိုတင် သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့တွင်ရှိသည့် စာသင်ကျောင်း တစ်ကျောင်း မီးလောင် ကျွမ်းမှုဖြစ် ပွားခဲ့ရာ စစ်ကောင်စီ၏ ဝါဒဖြန့် ရုပ်သံသတင်းဌာန M.R.TV က PDF အကြမ်းဖက်များက မီးရှို့လိုက်ခြင်းဖြစ် သည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

သို့သော် အဆိုပါမီးလောင်ကျွမ်းမှုက စာသင်ကျောင်းအနီး နေထိုင်သည့် အရက်ကြောင်နေသူ တစ်ဦးက မီးရှို့ ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

*** ZAWGYI ***
အထက္တန္းေက်ာင္းတြင္ ေပါက္ကြဲမႈျဖစ္၊ မေပါက္ကြဲေသးေသာ ဗုံးမ်ားေတြ႕

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလ ၅ ရက္။

ဧရာဝတီတိုင္းေဒသႀကီး၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္အတြင္း အထက္တန္းေက်ာင္း တစ္ေက်ာင္းတြင္ ႏိုဝင္ဘာ ၄ ရက္ေန႔က ေပါက္ကြဲမႈ တစ္ခု ျဖစ္ၿပီး မီးေလာင္မႈ ျဖစ္ပြားခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။

ကန္ႀကီးေထာင္ ၿမိဳ႕နယ္ “ေ႐ြး” ေက်း႐ြာရွိ အေျခခံပညာ အထက္ေက်ာင္းတြင္ အဆိုပါေန႔ ည ၇ နာရီခြဲေက်ာ္ တြင္ ေပါက္ကြဲမႈ ျဖစ္ခဲ့ျခင္း ျဖစ္သည္။

စစ္တပ္က ည ၈ နာရီေက်ာ္ အခ်ိန္ခန႔္တြင္ ေရာက္လာၿပီး စာသင္ေက်ာင္းကို ထပ္မံ စစ္ေဆးခဲ့သည္ဟု ေဒသခံ အုပ္ခ်ဳပ္ေရး အဖြဲ႕ဝင္အခ်ိဳ႕က ေျပာသည္။

“စစ္တပ္က ဝင္ရွင္းေတာ့ မေပါက္ေသးတဲ့ ဗုံးထပ္ေတြ႕တယ္လို႔ေျပာတယ္။ ေက်ာင္းသားေတြ မရွိတဲ့ အခ်ိန္ ေပါက္လို႔ေတာ္ေသးတယ္” ဟု အုပ္ခ်ဳပ္ အဖြဲ႕ဝင္တစ္ဦးက ေျပာသည္။

ေပါက္ကြဲမႈေၾကာင့္ ေက်ာင္းဝန္းအတြင္းရွိ ဆရာ/ဆရာမနားေနခန္း မီးေလာင္သြားသည္ဟု ေဒသခံမ်ားက ေျပာ သည္။

ဧရာဝတီတိုင္းအတြင္းရွိ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက စာသင္ေက်ာင္းမ်ား၊ ေဆး႐ုံမ်ား၊ ဘာသာေရး အေဆာက္အဦမ်ား ႏွင့္ ျပည္သူပိုင္ေနအိမ္မ်ားကို ထိခိုက္ေအာင္ လုပ္ေဆာင္မည္ မဟုတ္ေၾကာင္း ေက်ာင္းမ်ား ျပန္မဖြင့္မွီက ႀကိဳတင္ သတင္းထုတ္ျပန္ထားသည္။

ႏိုဝင္ဘာလ ၄ ရက္ေန႔ နံနက္ပိုင္းက ေျမာင္းျမၿမိဳ႕တြင္ရွိသည့္ စာသင္ေက်ာင္း တစ္ေက်ာင္း မီးေလာင္ ကြၽမ္းမႈျဖစ္ ပြားခဲ့ရာ စစ္ေကာင္စီ၏ ဝါဒျဖန႔္ ႐ုပ္သံသတင္းဌာန M.R.TV က PDF အၾကမ္းဖက္မ်ားက မီးရႈိ႕လိုက္ျခင္းျဖစ္ သည္ဟု သတင္း ထုတ္ျပန္ခဲ့သည္။

သို႔ေသာ္ အဆိုပါမီးေလာင္ကြၽမ္းမႈက စာသင္ေက်ာင္းအနီး ေနထိုင္သည့္ အရက္ေၾကာင္ေနသူ တစ္ဦးက မီးရႈိ႕ ျခင္း ျဖစ္သည္ဟု ေဒသခံမ်ားက ဆိုသည္။